ကျွန်တော့နာမည်က တိမ်ကင်းစင် ပါ။ အများစုကတိမ် လို့ခေါ်ကြပါတယ်။ လက်ရှိအသက်က ၁၆နှစ်ရှိပါပြီ တက္ကသိုလ်ဝင်တန်းတက်ရောက်နေပါတယ်။ ငယ်ငယ်လေးကတည်းကဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။
"ဒေါက် ဒေါက် ဒေါက်"
တိမ်လေးရေ ထတော့လေ သားကျောင်းသွားရအုံးမယ် နောက်ကျနေတော့မယ် သားရဲ့ "
"ဟုတ် မေမေ သားအခုပဲမြင်ဆင်ပြီးဆင်းလာခဲ့မယ်နော် "
"အေးသားရေ မေမေbreakfastစားဖို့စောင့်နေမယ်နော်"
"မေမေ သားလာပြီ သားစားဖို့ဘာရှိလဲမေမေ"
"ဒီမှာသားကြိုက်တဲ့ မုန့်ဟင်းခါးချက်ထားတယ်"
"ဒါမှဒို့မေမေကွ သားနှစ်ပွဲစားမာနော်"
"စားပါရှင် အဝစားနော်သားလေး"
တိမ်ရဲ့အဖေဟာ ငယ်ငယ်လေးထဲက ဆုံးပါးသွားကာအမေ နဲ့ပဲနေခဲ့ရပါတယ်။တိမ်လေးကိုအရမ်းချစ်ပြီးအရမ်းလည်းဂရုစိုက်တဲ့မေမေရှိတဲ့အတွက်အရာရာကိုဖြစ်ကျော်ဖို့အဆင်သင့်ပါပဲ
"မေမေ သားကျောင်းသွားတော့မယ်နော်"
"အေး သားလေး စက်ဘီးကိုသေချာနင်းပြီးဂရုစိုက်သွားအုံးနော် ကျောင်းမှာမတည့်တာတွေမစားနဲ့ စာကိုလည်းသေချာလိုက်မှတ်နော် စောစောလည်းပြန်ခဲ့နော် ဟိုဝင်ဒီထွက်သူငယ်ချင်းအိမ်တွေကိုလျောက်လည်မနေနဲ့အုံးနော်"
"ဟုတ်ကဲ့ပါ မေမေရဲ့ စိတ်မပူပါနဲ့ သားကလိမ္မာပြီးသားပါနော် "
"ဟုတ်ပါပြီရှင့်"
...
"အကိုရေ Strawberry ရေခဲမုန့်တစ်ခွက်ပေးပါဗျ"
"ဒီမှာရပါပြီ "
"ဟုတ်ကဲ့ ဒီမှာပိုက်ဆံနော် ကျေးဇူးပါဗျ"
"ဟဟ ဒီလိုစက်ဘီးစီးရင်းရေခဲမုန့်စားရတဲ့အရသာကလည်း အရမ်းကောင်းသားပဲကို "
"ကလင် ကလင် ဟေ့လူဘေးကို ဘေးကို ဘရိတ်မမိတော့ဘူး....
"ဟေ့ အားသေပါပြီကွာ မင်းဘယ်လိုမောင်းလာတာလဲစက်ဘီးကို"
ကျွန်တော့နာမည်ကသဝဏ်လွှာပါ ဆွေမျိုးသားချင်း မိတ်ဆွေတွေကတော့ သဝဏ် လို့ခေါ်ကြပါတယ်။ တစ်ဦးတည်းသောသားပါ ။ လက်ရှိ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှာ Final Part 2 တက်နေပါတယ်ဗျ။
"ခင်ဗျားကိုအဲ့တာကြောင့် ဘေးကပ်ဖို့ပြောတာပဲ ခင်ဗျားမှမရှောင်တာ"
"ဟာ မင်းကအရှိန်နဲ့လာတာဘဲ ငါဘယ်လိုရှောင်လို့ရမှာလဲဟ "
"ဟာ သွားပါပြီ ငါ့ရေခဲမုန့်လေး ပြုတ်ကျသွားပြီ"
"မင်းရေခဲမုန့်ကိုနှမြောမနေနဲ့ မင်းဒဏ်ရာရသွားသေးလား ငါ့ကိုပြစမ်း"
"ဟာခင်ဗျားဘာလို့ကျွန်တော့ကိုလာကိုင်နေတာလဲ"
"မင်းတံတောင်ဆစ်မှာဒဏ်ရာရနေတယ်လေ"
"ဘာမှမဖြစ်ပါဘူး အဲ့လောက်ကတော့"
"သွေးထွက်နေတယ်လေ အကိုဆေးဝယ်ပေးရမလား"
"မလိုပါဘူး ရတယ် ကျွန်တော်အဲ့လောက်အခြေအနေမဆိုးသေးပါဘူး"
"မဟုတ်ဘူးလေးကွာ မင်းသွေးထွက်နေတယ် ဆေးလိမ်းမှသက်သာသွားမာပေါ့ ၊ ဒါနဲ့မင်းကကျောင်းသွားဖို့လား "
" ဟုတ်ပါတယ် သွားပြီ"
"ဟေ့ ငါပြောလို့မပြီးသေးဘူးလေ မင်းဘယ်ထွက်သွားတာလဲဟ ငါ့နာမည်လည်းမှတ်ထားအုံးနော် သဝဏ်လွှာ တဲ့ မင်းအကူအညီလိုရင်အကို့ကိုပြော"
"ဟင့် သူ့နာမည်လည်းဘယ်သူမှမမေးဘဲနဲ့ပြော နေသေးတယ် သူ့ဆီကအကူအညီတောင်းစရာလား "
...
"ဟဲ့ နင်ဘာဖြစ်လာတာလဲ တစ်ကိုယ်လုံးလဲဖရိုဖရဲ တံတောင်ဆစ်မှာလည်းဒဏ်ရာနဲ့ "
"မပြောချင်ပါဘူးဟာ လမ်းမှာပေါ့မျက်စိမမြင်တဲ့တစ်ယောက်ကိုငါ့စက်ဘီးနဲ့တိုက်မိလို့"
"ဟဲ့ တစ်ကယ်လား သူကမျက်စိမမြင်ဘူးလား နင်မတောင်းပန်ခဲ့ဘူးလား အိမ်ကောပြန်လိုက်ပို့ပေးခဲ့ရဲ့လားဟယ် "
"ဟာ နင်းကလည်းမေးခွန်းတေများတာဟာ ငါပြောတဲ့မျက်စိမမြင်ဘူးဆိုတာ ငါ့ရွဲ့ပြောနေတာဟ ငါ့စက်ဘီးလာနေတာမမြင်လို့ ဒေါသထွက်နေရတဲ့အထဲနင်ကတစ်မျိုးဟာ"
"ဟယ် မသိပါဘူး ငါကတစ်ကယ်မမြင်ဘူးထင်လို့ပါ ဒါနဲ့စက်ဘီးတိုက်ခံရတဲ့လူကောဘာဖြစ်သွားသေးလဲ "
"ဟဲ့နင်ကငါ့ကိုစိတ်ပူမှာလား ဟိုကောင့်ကိုစိတ်ပူမှာလား "
"မဟုတ်ပါဘူးသူငယ်ချင်းရယ် တော်ကြာပြသာနာသေးသေးလေးကနေကြီးလာပြီငါ့သူငယ်ချင်းကိုတိုင်ပတ်နေမှာဆိုးလို့မေးတာပါဟာ "
"အေးပြီးတာပဲနော် လက်ကနာနေရတဲ့အထဲ "
"အေးပါ ပြီးရင်ဆေးလိမ်းပေးမယ်နော် ဒါနဲ့လေ အဲ့တစ်ယောက်ကဘယ်ကလဲ ဘယ်သူလဲ ဘာအလုပ်လုပ်လဲ "
"ဟဲ့ အဲ့လောက်တော့ငါလည်းဘယ်သိမလဲ ဒါနဲ့ နောက်ဆုံးငါလှည့်ပြန်သွားတဲ့အချိန်မှာသူ့နာမည်လှမ်းပြောတာတော့ကြားလိုက်တယ် သန်းဝင်း ဆိုလားဘာလားဘဲ "
"ဟဲ့ဘာ သန်းဝင်းဟုတ်လား ခ်ခ်ခ် တကယ်လားဟယ် နာမည်ကြီးကလည်း ခ်ခ်ခ် နင်အသက်၅၀အရွယ်ဦးလေးကြီးကိုများတိုက်ခဲ့တာလားဟယ်"
"ဟဲ့စွတ်ရီမနေနဲ့ငါသေရှာမကြားလိုက်လို့ပါဟာ ရုပ်ရည်ကတော့အဆိုးပါဘူး အသက်က၂၃လောက်တော့ရှိမယ်ဟ" တော်ပြီဟာ သူ့အကြောင်းတေမပြောတော့ဘူး လာ အတန်းထဲသွားရအောင်"
"အေးပါဟာ"
သူနာမည်က မေယွန်းချယ် တဲ့ ကျွန်တော်နဲ့ငယ်ငယ်လေးတည်းကကျောင်းနေဘက်သူငယ်ချင်းပေါ့ ခုတက္ကသိုလ်ဝင်တန်းထိလဲအတူတူပါပဲ နောက်လည်းဆက်ခင်နေအုံးမဲ့အချစ်ဆုံးသူငယ်ချင်းလေးပေါ့။
YOU ARE READING
တိမ် ( Complete )
Romanceဒီ ficလေးကကျွန်တော်ပထမဆုံးရေးတဲ့ficလေးပါ။ ခုမှစရေးတာမို့အခြားauthorတေလောက်မကောင်းပေမယ့်အားပေးပါအုံးနော်။
