"ကျန့်ကော နိုးပြီလား ထပ်အိပ်ဦးလေ ရောက်ဖို့လိုသေးတယ်"
"အင်..မင်းတစ်ခုခုကြားလိုက်သေးလား"
"ဘာကိုလဲ"
"အမ်..ဘာမှမဟုတ်တော့ဘူး အာ့ဆို ငါပြန်အိပ်မယ်နော်"
"အွမ်း"
ညက duty ရှိပေမဲ့ ဝမ်ရိပေါ်က ညဘက်ဆေးရုံမှာမအိပ်ရဘူးဆိုလို့ ညနက်ကြီး အိမ်ပြန်လာရပြီး မနက်ကြတော့လည်း အစောကြီးနှိုးတော့ အိပ်ရေးမဝသည့်အတွက် ယုန်ပေါက်တို့တင်းပြီလေ ဆူပုတ်ပြီး အိပ်လာတာများ ခိုးနမ်းတာတောင် မသိဘူး
"ဝမ်နင် ဆေးရုံဆင်းတော့မှာမလား"
"အင်း အလုပ်ပြန်ဆင်းလို့မရသေးပေမဲ့ အိမ်မှာဘဲနားလည်းရတယ်တဲ့ တစ်ပတ်တစ်ခါဆေးရုံလာပြရမှာပေါ့"
"နင့်ကိုအိမ်မှာ စောင့်ပေးမယ့်သူရှိလို့လား"
"မရှိဘူး ဒါပေမဲ့ ငါတစ်ယောက်ထဲရပါတယ် ဆေးရုံအနံ့ကြီးမကြိုက်လို့ အိမ်မှာကပိုအဆင်ပြေတယ်"
"တစ်ခုခုလိုရင် ငါ့ကို ဖုန်းလှမ်းဆက်လိုက် နင်အဆင်မပြေတာမျိုးဆိုရင်ပေါ့"
"အင်း အဲ့တာကြောင့် ချစ်နေရတာ လာပါဦး"
"ဟဲ့ ဟဲ့ ငါ့ကိုရင်ခုန်အောင်မလုပ်နဲ့ နင်ကလင်ရတော့မှာ အရှမခံနိုင်ဘူး"
"ဒါနဲ့ စစ်ကျွေးရော"
"ထုံးစံအတိုင်း သူ့ကိုမမေးရရင်မနေနိုင်ဘူး လူနာကြည့်နေတယ်"
မျန်မျန်ကိုမေးပြီး စစ်ကျွေးဆီထွက်လာတော့ အစ်မကြီးတစ်ယောက်ရစ်နေတာကို အတည်ပေါက်ကြီး ပြန်ဖြေနေတဲ့ သူ့ရဲ့တိတ်တခိုးချစ်ရသူလေး ဘာလို့အဲ့လောက် ချစ်ဖို့ကောင်းနေရတာလဲ
"အစ်မ မပြန်ရင် ကျွန်တော်လုံခြုံရေးကိုခေါ်ရပါလိမ့်မယ်"
"ခေါ်လေ မိန်းကလေးကိုဆွဲလားရမ်းလားနဲ့ ဒီဆေးရုံက ဆရာဝန်အကြောင်း လိုင်းပေါ်တင်ပစ်မှာနော် ဟွန့်"
"ရဲကဖမ်းတယ်ဆိုရင်ရော"
ဝိုင်းကြည့်နေတဲ့လူတွေကြားက အသံတစ်သံထွက်လာလို့ အကုန်ဖယ်ပေးလိုက်တော့ လူချောလေးတစ်ယောက်ဖြစ်တာကြောင့် အကုန်ဝိုင်းငမ်းကြတော့သည်
YOU ARE READING
အသက်နှင့်လဲ၍ (Completed)
Fanfiction1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd.
Ep 35
Start from the beginning