"အရှင်ဘုရားဆုတောင်းပါတယ် ဒီတစ်ယောက်သူ့အပေါ်တကယ်ချစ်ပါစေ နှစ်ခါကြီးများတောင်ဖြစ်တာဆိုတော့သူ့ကိုဘဲယူသင့်တယ်"

ထိုက်နဲ့စကားပြောရင်းမေ့မေ့ပျောက်ပျောက်နေလိုက်တယ်။အချိန်တိုင်းငိုနေလို့လဲမရဘူးလေ ဖြစ်ပြီးမှတော့ ဘာမှမတက်နိုင်ဘူး အိမ်ကသိသွားရင်ရင်ကျိုးအုံးမယ် ဒီတစ်ခါသင်ခန်းစာပေါ့ နောက်ယောင်္ကျားလေးတစ်ယောက်ကို ကိုယ်ထိလောက်ရောက်မလုပ်တော့ဘူး အဲ့အတွက်တန်ကြေးကအရမ်းကြီးလွန်းတယ်။
#

မနက်စောစောထပြီးကောဖီဆိုင်နှစ်ယောက်တူတူသွားကြတယ်။အချိန်ပိုင်းဆင်းရတာဖြစ်ပေမယ့် ရှင်းတို့ကနှစ်ဆိုင်းလုံးဆင်းတယ်။ညပိုင်းကော်ဖီဆိုင်ကအရောင်းပါးတာကြောင့်ညဘက်စောစောပြန်ရတယ်။တစ်ခါတစ်လေ၅နာရီ တစ်ခါတစ်လေ၆ခွဲမိုင်ကုန်ဆင်းရတယ်လေ။

ရှင်းအရာအားလုံးကိုမေ့ပျောက်ပြီး အရင်တိုင်းနေနိုင်အောင်ကြိုးစားနေတာအခုဆိုတစ်ပတ်တိတိပြည့်ပြီ။အဲ့ချိန်တုန်းကအရမ်းကြောက်ဖို့ကောင်းခဲ့တာခုထိတွေးမိရင် ကြောက်လန့်နေရတုန်း။ဒီအဖြစ်ဆိုကြီးကိုတကယ်မေ့သွားချင်တယ်။

ထိုက်မူးနေလို့ဆိုပြီးbarကဖုန်း၀င်လာလို့အခုသွားတဲ့လမ်းမှာပါ။ထိုက်ကတော့ဘယ်တော့မှသူ့ဘ၀ကိုပြင်မှာလဲသူ့အတွက်ရင်လေးတယ်။

ထိုက်အရက်သောက်နေတုန်းနားကိုလိမ်ဆွဲခံလိုက်ရတာကြောင့်ဒေါသပုန်တော်တော်ထသွားတယ်။လှည့်ကြည့်လိုက်တော့ ရှင်းဖြစ်နေတာကြောင့် ရှင်းလက်ကိုပုတ်ချပြီး

"ဟာနာလိုက်တာ ဖြည်းဖြည်းလုပ်ပါ"

"နင်အမူးလွန်နေတာဆို လာခဲ့အခုပြန်မယ်"

"ငါအရမ်းမမူးပါဘူးနည်းနည်းလေးဘဲများတာပါဟ နင့်ကိုဘယ်သူပြောတာလဲ"

"နင့်ကောင်လေးဖုန်းဆက်ခေါ်တာ"

"အဲ့ကောင်သေချင်ပြီလားမသိဘူး အဲ့ဒါသူစိတ်မချလို့နင်ကိုခေါ်တာ သူအရေးကြီးသွားစရာရှိလို့တဲ့ ငါကရတယ်ထားခဲ့ဆိုတော့လဲမဟုတ်ပြန်ဘူး"
​ထိုက်ပြောနေတုန်းခေါင်းခေါက်ခံလိုက်ရပြန်တယ်။

ရှင်း(Completed)Where stories live. Discover now