Episode 11[Z+U]

284 38 0
                                    

တစ္ဆေသတို့သား အပိုင်း ( 11 )

"ဖောက်....ဖောက်"

ခေါင်းပေါ်သို့ စက္ကူလုံးလေးများ မထိတထိ ပစ်ပေါက်ခံရသည့်နည်းတူ မိမိအားစိတ်အ​နှောင့်အယှက်ဖြစ်​အောင် ​နှောက်​ယှက် နေသည့်တရားခံက ဘယ်သူလဲဆိုတာလဲရိပ်မိလိုက်သည်

နောက်ကိုတချက်လှည့်မကြည့်ဘဲ ဆံပင်ကြား ကပ်ညှိနေသော စက္ကူစတွေကို စိတ်ရှုပ်ရှုပ်ဖြင့်သာ ဆွဲဖယ် လိုက်တော့သည်

ဒီနေ့နဲ့ဆို စက္ကူလုံးတွေဖြင့်ပစ်ပေါက်စနောက်ခြင်းခံရတာ သုံးကြိမ်တိတိ တဖက်လူကလဲ သူ့ဆီက တုံ့ပြန်မှုမရမခြင်း လက်လျော့မဲ့ပုံမပေါ်

"ကျွတ်"

စိတ်ရှုပ်ရတဲ့ကြားထဲ အရေးထဲမှ ခဲဆံကလဲကုန်နေပြန်သည် တခြားစာသင်ချိန်ဆို ကိစ္စမရှိ အခုအချိန်က ပိုက်သာဂိုရမ်သီအိုရီ အရ တြိဂံပုံ စက်ဝိုင်းပုံ လေးထောင့်ပုံတွေများများဆွဲရသည့် အပိုင်း ဖြစ်နေ၍ ခဲသားကို ရှောင်လွှဲ၍ မသုံးရင် မရသည့်အခြေအနေ

"ဟေ့...ဟေး"

ဘေးနားက ခပ်အုပ်အုပ်သူ့ကိုခေါ်လိုက်သည့် အသံကြောင့် လှည့်ကြည့်မိတော့ ဘေးနားကထိုင်နေသည့်လူကနေ ကမ်းပေးလာသည့် Noti တံဆိပ်ဖြင့် ခဲသားဘူး အပြာလေး

ယူသင့်မယူသင့်ချင့်ချိန်နေ တုန်းမှာပင် ​ဘေးနားကလူကလဲ လက်တယမ်းတယမ်းဖြင့် သူ့ဆီအတင်းထိုးပေးနေတော့သည်

"ဒီပုံတွေဆွဲ ပြီးရင် ဆရာ့ဆီ စာအုပ်တွေ လာထပ်ကြ​နော် ခလေးတို့"

သူလဲနှစ်ခါစဉ်းစားမနေတော့ဘဲ သူကမ်းပေးလာသော ခဲသားဘူးကို ယူလိုက်ချိန်တွင် ဆံပင်အဝါနဲ့​ကျောင်းသားက မျက်စိတဖက်ပိတ်ပြလိုက်ပြီး လက်တဖက်ကလဲ Ok ပုံစံ အဝိုင်းလေးဝိုင်းပြကာ မျက်နှာသရမ်း ပြနေ​လေသည်

မုန့်စားဆင်းချိန်တွင် တခြားကျောင်းသားများ အလျှိလျှို မုန့်ဆိုင်တွေ ကစားကွင်းတွေဆီသို့ ထွက်သွားချိန်တွင် အခန်းထဲသူတယောက်ထဲ ကျန်နေတတ်သည်

"မင်းကအစားလဲနဲတယ်နော် ငါသတိထားမိသလောက် မုန့်စားဆင်းချိန်ဆို တခါမှ မဆင်းဘူး အိမ်ကထမင်းချိုင့် ထည့်ပေးလိုက်တယ် ထင်တော့လဲ ရေသောက် ဗိုက်မှောင့်အိပ်နေတာချည့် ဘဲ"

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Where stories live. Discover now