ကျန်းယန်လီ နောက်ကလိုက်နေရင်း ဖုန်းရတော့ ကျင်းဇီရွှမ်းကိုမတွေ့ဘူးတဲ့

ကျန်းယန်လီကအိမ်ထဲဝင်သွားတာမို့ ရိပေါ် အိမ်အပြင်ဘက်ခပ်လှမ်းလှမ်းမှာ ကားရပ်ပြီး အထဲကိုကြည့်နေသည်

မီးတွေမှိတ်သွားပြီးတော့ တော်တော်ကြာတဲ့အထိဘယ်သူမှရောက်မလာဘူး ကားတစ်စီးဖြတ်သွားတာကလွဲလို့

ကားနံပါတ်ကိုမှတ်လိုက်ပြီး စခန်းကတစ်ယောက်ကိုရှာခိုင်းလိုက်သည်

ကားက ခိုးမှုနဲ့တိုင်ထားတဲ့ကားတဲ့ သေချာပါတယ် အိမ်ကိုကြိုရောက်နေပြီး နောက်ပေါက်ကနေခိုးထွက်တာ အိမ်ရှေ့က ပတ်ပြီး မောင်းတော့ မသိရင်ရိုးရိုးဖြတ်သွားတဲ့ကားလိုပေါ့

နောက်ကလိုက်နေမှန်းသိတော့ ကျင်းဇီရွှမ်းက အရှိန်ကိုအသားကုန်မြှင့်လေသည်

ကျန်းယန်လီက သတိရှိမနေချေ မေ့ဆေးမိထားသည်

လမ်းမပေါ်မှာ ညဘက်ကြီး ကားတစ်စီးက အရှိန်လွန်ပြီးမောင်းနေသည် နောက်ကကားကလည်း အသားကုန်လိုက်သည်

ဖြတ်လမ်းကိုသုံးကာ ရိပေါ်ကားရှေ့ပိတ်ရပ်လိုက်တော့ ကျင်းဇီရွှမ်းကအရှိန်နဲ့ ရိပေါ်ကားကိုဝင်တိုက်လိုက်တာ တစ်ပတ်ကျွမ်းလည်သွားတော့သည်

ရိပေါ်ခေါင်းက သွေးတွေနဲ့ ကျင်းဇီရွှမ်းက ကားထဲကထွက်လာကာ လက်ထဲကသေနတ်နဲ့ ချိန်ပြီး

"မင်းကိုငါတကယ်အားကျတယ် ကိုယ်သဘောကျတဲ့သူကိုပိုင်ဆိုင်နိုင်တာ ဒီအတွက်စိတ်မကောင်းပါဘူး"

သေနတ်မောင်းကိုဆွဲတော့မယ့်အချိန်အထိပဲ ရိပေါ်သတိရှိကာ မေ့သွားတော့သည်

"ရိပေါ်!!"

ဆေးရုံမှာ ရှောင်းကျန့်ကလန့်နိုးလာသည် ဟိုတစ်ခါ လဲနေတဲ့လူတွေထဲမှာ ရိပေါ်ပါတယ်ဆိုတဲ့ အိပ်မက် ထပ်မက်ပြန်ပြီ

ရှောင်းကျန့်ဖုန်းက ဟိုတစ်ခါအဖမ်းခံရပြီးတော့ ကျန်းလီမင်ဆီမှာ

ဝမ်နင်ဆီအမြန်သွားပြီး

"ဝမ်နင် ထဦး ရိပေါ်ကိုဖုန်းခေါ်ပေး...အခုမြန်မြန်"

အသက်နှင့်လဲ၍ (Completed)Où les histoires vivent. Découvrez maintenant