Episode 10[Z+U]

305 38 1
                                    

တစ္ဆေ သတို့သား အပိုင်း (10 )

တိတိကျကျပြောရလျှင် ကျနော်လို
စိတ်သွားတိုင်း ကိုယ်မပါနိုင် သောသူ အတွက် စိတ်တူကိုယ်တူသူငယ်ချင်းဆိုတာ မရှိသလောက်နည်းပါး လွန်းသည်

သူငယ်ချင်းများဆုံပြီးချိန်းသည့်အခါတိုင်း မသွားနိုင်သည့်အခါ အပေါ်ယံ ကြောတွေ များလာပြီးစိတ်ထဲ အလိုလို ချဉ်ကုန် ကြသည်

သို့သော် ဖခင်တာဝန်ကျရာ ကာဂိုရှီမား နယ်မြို့လေးကို ရောက်လာသည့် အခါတွင်

နွေးထွေးသော လက်အစုံနှင့် ကမ်းလှမ်းကာ Ryo က လိုလို လားလား ကြိုဆို ခဲ့ပြီး သူငယ်ချင်းအဖြစ် အသိအမှတ် ပြုခဲ့ သည်

ကျိကျိတက် ချမ်းသာသော သူဌေးကြီးရဲ့ တဦးတည်းသော သူဌေးသား အပူအပင် ဆိုတာမြူတမှုန် မရှိနိုင်သော လိုတရ မင်းသားလေးက...

လွန်ခဲ့သောအချိန်လောက်က မည်မျှထိ စိတ်ထိခိုက် ခံစားခဲ့ရ၍ နာနာကျင်ကျင် အော်ဟစ်ခဲ့ပါသလဲ

နွေးထွေးဖော်ရွေသော အပြုံးများ ပျောက်ကွယ်ကာ လူစိတ် ပျောက်နေခဲ့ သလဲ

တကယ်ဘဲ Ryo မင်းရဲ့ အစစ်အမှန် Ryo က ဘယ်သူများလေ လဲ

"အော်...သားလေး Ryo ကောဘဲ Kakeru နဲ့ အတူ ရှိနေတာလား"

လှေကားကနေ ကျနော့နောက်မှ​ ​ရှေ့ဆင့်နောက်ဆင့် ဆင်းလာသော Ryo အား အမေက အံ့သြတကြီး ကြည့်ရင်း မေးလိုက်သည်

"ဟုတ်တယ်အမေရယ် စကတော့ ခြံဝထိ လိုက်ပို့ဖို့ပါဘဲ အိမ်မှာ ဘယ်သူမှ မရှိတာနဲ့ အဖော်စောင့် ပေးလိုက်တာ"

သူ ငါ့နာမယ် မခေါ်ရဲဘူး မရဲတရဲ ကြည့်လာသော အကြည့်တချက်ကို အာရုံလွှဲသည့် အနေဖြင့် မေမေနောက်တွင် အူတူတူလေး ရပ်နေသော ညမလေးကို လှမ်းခေါ်လိုက်သည်

"ကိုကို့ ညမလေး ကိုကို့ဆီ လာပါအုံး ဗျာ "

ကျစ်ဆံမြီးကျစ်ထားသည့် ဖဲပြားလေးများတလှုပ်လှုပ်ဖြင့် ကျနော့်ဆီ အပြေးကလေး လာနေသည့် Shinon....

ကျနော်ရှေ့တွင် ကြက်သေ သေနေသည့် ဟိုလူရှေ့တွင် ခြေလှမ်းများ ရပ်တန့်လိုက်တော့ ရင်ထဲ နင်တင်တင် ဖြစ်သွားရသည်

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Where stories live. Discover now