"မင်း မင်းဘယ်လို "

ခွန်းမှာ အားလုံးသိနေ၍ သူမပို၍ အံဩမိသည်။ သူ့မအထင်မှာ ခွန်းဆင့်ပိုင် ဆိုတာက ဘာမှနားမလည်တဲ့ချာတိတ်တစ်ယောက်လို့ထင်ထားခဲ့တာ ။အခုလိုအလုံးစုံသိနေတော့ သူမ တကယ်ပင် ထိတ်လန့်အံဩနေရသည်။

"အန်တီထား ကျွန်တော်တောင်းဆိုတာပါ အခုဆိုရင် ဒယ်ဒီရဲ့ ဘိုးဘွားစဥ်ဆက်ပိုင်လာတဲ့ ဒီ sky world ကုမ္ပဏီကြီးက အကြွေးတွေထဲမှာ နစ်သထက်နေပြီ လုံးဝမဖြေရှင်းနိုင်ရင် ဒီကုမ္ပဏီကြီးကိုဆုံးရှုံးရတော့မှာ အန်တီထားရဲ့ "

"ဟွန်း တော်ပြီ တော်ပြီ ငါဘာမှမယူတော့ဘူး ဒီလောက်လေးသုံးတာကို လိုက်ပြောနေတယ် ဖအေရဲ့သား တပုံစံထဲပဲ စိတ်ပျက်ဖို့ကောင်းတယ် "

ခွန်းရဲ့စကားကြောင့် သူမဘာမှမလုပ်တော့ပဲ ထွက်သွားရာ ခွန်း သက်ပြင်းရှည်ကြီးကို လေးပင်စွာချလိုက်သည်။

တကယ်ဆိုရင် ဒယ်ဒီရဲ့တစ်ဦးတည်းသောသားဖြစ်တဲ့မိမိသာ အရာရာနားလည်ပြီး ဒယ်ဒီကိုကူညီပေးနိုင်ခဲ့လျှင် အခုလို ဖြစ်မှာမဟုတ်ပေ ။ အခုတော့ ဒီကုမ္ပဏီကြီးကို လက်လွှတ်ရတော့မယ့်အခြေအနေကိုရောက်နေပြီ ။

ဒီကိစ္စတွေကို ဒယ်ဒီကိုမပြောရသေး ။ပြောဖို့လဲ ဘယ်ကစရမှန်းမသိသလို ဒယ်ဒီစိတ်ဆင်းရဲမှာစိုး၍ ပြောလို့လဲမထွက် ။

အလုပ်စားပွဲပေါ်မှ တိမ်သားမာန် ကုမ္ပဏီမှ ဒယ်ဒီရဲ့အကြွေးတွေကို နောက်အပတ်အကျေပေးဖို့ ပြောထားတဲ့ စာကို ကြည့်ရင်း ခွန်း စိတ်မကောင်းဖြစ်ရသည်။

လူတစ်ယောက်မှာ အကျိုးရယ် အကြောင်းရယ် အဆိုးရယ်အကောင်းရယ် ဆိုပြီး  ဖြစ်လာပေမဲ့ ။ သူ့အတွက်ကတော့ အရာအားလုံး က အဆိုးတွေချည်သာဖြစ်နေတော့သည်။

စီမံကိန်းတစ်ခုအတွက် တိမ်သားမာန် ကုမ္ပဏီမှ ဒယ်ဒီချေးတဲ့ငွေက သိန်းတစ်သောင်းကြီးများတောင် ။ စီမံကိန်းကလဲ အကောင်အထည်မပေါ်ပဲ လိုအပ်တဲ့ အလုပ်တွေထဲ ဖြည့်လိုက်နဲ့ ဘာမှမရှိတော့ချေ ။ ဒယ်ဒီအလုပ်ဆက်ပြီးလုပ်နိုင်ရင် ဒီလောက်ထိအမြန်မတောင်းနိုင်ပေမဲ့ အခုဟာက ဒယ်ဒီရဲ့အခြေအနေကိုသိတော့ အမြန်ဆုံးလိုချင်နေပုံရသည်။

You've reached the end of published parts.

⏰ Last updated: Jul 23, 2021 ⏰

Add this story to your Library to get notified about new parts!

သခင့်ရဲ့ အရုပ်Where stories live. Discover now