နေဦး အထဲဝင်လို့မဖြစ်ဘူးလေ ဒီအကြောင်းကို ရိပေါ်မပြောရသေးဘူးထင်တယ်
အာ့ဆို ဒီပုံကို မြင်လို့မဖြစ်ဘူး

"ဟို အန်တီ!! ကျွန်တော်လေ..သန့်စင်ခန်းသွားချင်လို့ အဲ့တာ တစ်ယောက်ထဲအဆင်မပြေလို့ ကူညီပေးပါလား တကယ်မျက်နှာပူပါတယ်ဗျာ ဒီလိုတောင်းဆိုရတာ ကျွန်တော်လည်းတကယ် မတတ်နိုင်လို့ပါ"

ငါ့သိက္ခာတွေ သွားပါပြီ မင်းတို့နှစ်ယောက်အရမ်း ဇိမ်ကျနေတယ်ပေါ့ ဒီကိစ္စနောက်မှရှင်းမယ်

"ရပါတယ်ကွယ် ကျန့်ကျန့်သူငယ်ချင်းဆိုတော့ အန်တီသားလိုပဲပေါ့ လာကူညီပေးမယ် ဖြေးဖြေးလျှောက်"

"ဟုတ်ကဲ့ အန်တီ ကျေးဇူးပါဗျ"

အခန်းတံခါးကိုသေချာပြန်ပိတ်ခဲ့သည် အထဲကနှစ်ယောက်ကတော့ ကမ္ဘာကြီးကိုမေ့နေသည်
ဆန်ပြုတ်ကို သူနာပြုတစ်ယောက်ကိုအပ်ခဲ့သည် သန့်စင်ခန်းထဲယူသွားလို့မရဘူးလေ

ကျင်းဇီရွှမ်းတစ်ယောက် ထွက်ပြေးနေရသည် ချိန်းထားတဲ့နေရာကို သွားဖို့အတွက် ကျန်းစစ်လီကို ပိတ်ထားတဲ့အခန်းထဲ သွားကြည့်တော့ ဘယ်သူမှရှိမနေချေ ဘယ်တုန်းကလွတ်သွားမှန်းမသိ ကျန်းလီမင်ဆီလည်း မသွားတော့ပဲနဲ့ နောက် သဘေင်္ာမထွက်ခင်အထိ ပုန်းနေရသည် သဘေင်္ာထွက်ကာမှ ဒီနိုင်ငံကထွက်သွားမယ် (မှောင်ခိုပါ)

ရှောင်မားတော့မသိဘူး ရှောင်ပါးကတော့ ကားပါကင်မှာ ကားထားပြီးတော့တက်လာခဲ့တာ အခန်းတံခါးကိုဖွင့်လိုက်တော့ သူ့သားကိုရင်ခွင်ထဲဖက်ထားတဲ့ ဟိုဝမ်ရိပေါ်ဆိုတဲ့ ကောင်လေး သူ့ကြောင့် ငါ့သားဒီလိုဖြစ်တာ သူကဘာခွင့်ပြုချက်နဲ့ ငါ့သားဖြူဖြူနုနုလေးကို အားကြီးနဲ့ဖက်ထားရတာလဲ

ဒါပေမဲ့လည်း ကျိုးချန်ပြောပုံအရဆိုရင် သူ့သားကိုအရမ်းဂရုစိုက်တယ်တဲ့ အနေအထားကိုမကြိုက်ပေမဲ့ သူ့သားအိပ်ပျော်နေတာကို မနိုးစေချင် ကလေးက night duty တွေဘာတွေနဲ့ ပင်ပန်းနေမှာ ဒါကြောင့်ဒေါသကိုထိန်းပြီး ကျိုးချန်ဆီသွားကာ နှစ်ယောက်ဆက်ဆံရေးကိုမေးတော့သည်

ရှောင်ပါးအကြောင်း ကောင်းကောင်းသိနေတာမို့ ကျိုးချန်လိမ်မပြောရဲ အကုန်ပြောပြလိုက်သည်

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now