"ရိပေါ် အမှုအဆင်ပြေလား"

"အင်း နေ့လည်ကြရင် ကျန်းယန်လီနဲ့တွေ့ဖို့လုပ်ထားတယ်"

"ကျန်းယန်လီ? ကျန်းလီမင်ရဲ့ သမီးလား"

"အင်း"

"ကျင်းဇီရွှမ်းကိုရော တွေ့ပြီလား"

"မတွေ့သေးဘူး ကျန်းယန်လီ နဲ့တွေ့ရင် သူ့ကိုအကူအညီတောင်းမလို့"

"အော်"

"အစ်ကို လူတစ်ယောက်ကိုချစ်ဖူးလား"

မဆီမဆိုင်ထမေးတာ မဟုတ်မှ သူဒီလိုဖြစ်နေတာ ဟိုဒေါက်တာလေးကြောင့်ပေါ့

"ချစ်တယ်ဆိုတဲ့အထိတော့ မဖြစ်ဖူးဘူး သဘောကျတာလောက်ပဲ ကိုယ့်ကိုယ်ကို ဆန်းစစ်တုန်းပေါ့"

"အစ်ကိုသဘောကျတဲ့လူရှိတယ်ပေါ့"

"အင်း"

"သူကရော အစ်ကို့အပေါ်မှာဘယ်လိုလဲ"

"ကောင်းပါတယ် သူကအရမ်းတုံးတော့ ငါ့စိတ်ကိုမသိဘူး"

"......."

"မင်းဘာလို့မေးတာလဲ ဒေါက်တာကြောင့်လား"

"အင်း ကျွန်တော်...သူ့ကိုဖွင့်ပြောလိုက်ပြီ"

"ဘယ်လို ဘယ်တုန်းကလဲ"

"ဟိုတစ်ခါတုန်းက အမေတို့အိမ်မှာ"

"မင်းအဲ့ကိုသွားခဲ့တာလား"

"အင်း သူ့ကိုခေါ်သွားချင်လို့
ပြီးတော့...နမ်းလည်းနမ်းခဲ့တယ်"

"ဘာ!!"

"အစ်ကို! ရှူး..တိုးတိုး"

စွံလိုက်တဲ့ ငါညီ နမ်းတောင်ပြီးသွားပြီတဲ့လား

"အဲ့တော့ သူဘာပြောလဲ"

"ကျွန်တော့်ကို အဖြေမပေးသေးဘူး စောင့်တဲ့"

"မင်းအခုလိုဖြစ်နေတာ အာ့ကြောင့်လား"

"အင်း သူကျွန်တော့်ကိုချစ်မချစ် ကျွန်တော်မြန်မြန်သိချင်ပြီ"

"ဒါကတော့ မင်းဘက်ကစိတ်ရှည်ရမယ်လေကွာ သူလည်းစဥ်းစားဦးမှာပေါ့ သူမင်းကိုချစ်တယ်ဆိုရင်တောင် မင်းတို့နှစ်ယောက်ကယောကျာ်းလေးတွေ သူ့မိသားစုမကြိုက်ရင်ဘယ်လိုလုပ်မလဲ သူ့အတွက်အချိန်လိုမှာပေါ့"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now