Episode 8[Z+U]

290 41 0
                                    

တစ္ဆေသတို့သားအပိုင်း (8)

Zawgyi>>>>>>

"ဘယ်.....ဘယ်သူလဲဟင် ခင်ဗျားက ဘယ်သူလဲ"

"ဘယ်သူရှိရမှာလဲ မင်းရဲ့Ryoလေဟာ အပေါ်ထပ်မှာအသံဗလံဆူညံနေတော့မင်းကိုစိုးရိမ်လို့တက်ကြည့်တာ ငါ့ကိုတောင်မမှတ်မိတော့အောင် မင်းတကယ်ဘဲ ဘာဖြစ်နေတာလဲ မင်း အဆင်ရောပြေရဲ့လား"

Ryoကစိုးရိမ်တကြီးဖြင့်သူ့ပခုံးအားဆွဲလှုပ်လိုက်မှဘဲ ကြောင်တောင်တောင်ဖြစ်နေသည့် သူလဲသတိပြန်ဝင်လာကာ လှုပ်လှုပ်ရှားရှားဖြစ်လာ​တော့သည်

လက်ထဲတွင်ကိုင်ထားသည့် ဖုန်းမီးအလင်းအားကို ဖွင့်လိုက်ပြီး Kakeruဖက်ပင့်​မြှောက်လိုက်လျှင် သွေးစုတ်နေသည့်မျက်နှာငယ်ပေါ် ဝင်း ခနဲရောင်ပြန်ဟပ်သွားလေသည်

"မင်းဝင်လာမယ်ဆိုလဲအသံလေးဘာလေးပေးလိုက်ပါလား အရူးကြီးရဲ့အရမ်း​မှောင်​နေမှ​တော့လူကောင်းလားလူဆိုးလား ဆိုတာငါဘယ်လိုလုပ်ခွဲတတ်မှာလဲ"

သေစမ်း ငါလက်ထဲ မှာဓားကိုင်ထားတာ Ryoတ​ယောက် တွေ့တော့မှာဘဲ....

ဓာတ်မီးအလင်းအားက သူ့ကိုယ်ပေါ်မရောက်မိခင်လေး လက်တဖက်ကိုနောက်ပြန်ပစ်လျက် ဓားကိုခါးထက်တွင်ဖွက်ထားလိုက်သည်

အလွန်လျင်မြန်လှသောအကြည့်တချက်က Kakeruတခုခုဖွက်ထားလိုက်သည်က်ု မြင်ဖြစ်​အောင်မြင်လိုက်လေသည်

"မင်းနောက်ကို ဘာကြီးဖွက်ထားလိုက်တာလဲငါ့ကိုလဲ ပြပါအုံး"

"ဟင်....ဘာမှမဟုတ်ပါဘူး မင်းမြင်တဲ့တိုင်း လက်ဖဝါး​တွေထုံ​နေလို့သွေးပူအောင်လေ့ကျင့်ခန်းလုပ်နေတာ"

မည်မျှပင်မှင်သေအောင်ထိန်းထားနိုင်ပေမဲ့လဲ အတွေ့အကြုံရှိတဲ့လူရှေ့တွင်တော့ ဖုံးထားလို့မရ....

စူးရှသောမျက်ဝန်းနက်တွေနဲ့ ရှေ့ကိုတလှမ်းချင်းတိုးကပ်လာသော Ryo မတွေ့အောင်ရှောင်ဖယ်ရင်းနှင့်တဖြည်းဖြည်း အခန်းထဲသို့ ပြန်​ရောက်မှန်းမသိရောက်လာခဲ့သည်

"ငါမြင်လိုက်မှာစိုးလို့ မင်းတခုခုကိုဖွက်လိုက်တာ ငါသေချာကိုတွေ့လိုက်တာနော် အချင်းချင်းတွေကို ပြန်ပြရမှာ ​ကြောက်နေရအောင် မင်းလက်ထဲကဟာက ရွှေထွက်နေတာလား ဟမ်း"

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Where stories live. Discover now