အပိုင်း ၉

Start from the beginning
                                    

⚜လီစစ်သူကြီး အိမ်တော်⚜

အစေခံမိန်းကလေး ရှောင်ကျောင်းသည် စျေးမှပြန်လာပြီးနောက် အိမ်တော်ထဲသို့ခပ်သုတ်သုတ်ဝင်သွားသည်။ သူမ ဆေးဝင်ဝယ်နေသဖြင့် အချိန်အနည်းငယ်ကျန့်ကြာသွားသည်။ စားတော်ကဲကြီးစိတ်မဆိုးရန် မြန်မြန်သွက်သွက်လျှောက်နေမိသဖြင့် ထောင့်ချိုးတွင် တစ်စုံတစ်ယောက်နှင့်ဝင်တိုက်မိလေသည်။

"စစ်သူကြီး''

သူမတိုက်မိသူမှာ အိမ်တော်သခင် လီစစ်သူကြီးဖြစ်သည်။ လီစစ်သူကြီးသည် အသက်၁၇နှစ်အရွယ်ကပင် စစ်ရေးစစ်ရာကျွမ်းကျင်ပြီး အသက်၂၀တွင် အောင်မြင်သောစစ်သူကြီးဖြစ်လာခဲ့သည်။ ထို့အပြင် မင်းကြီး၏ နှမတော် ေကျာင်းမင်းသမီး၏ခင်ပွန်းလည်းဖြစ်သည်။ စစ်မြေပြင်တွင် ကြမ်းတမ်းသလောက် စိတ်သဘောထားမှာ နူးညံ့သိမ်မွေ့ကာ ညှာတာတတ်သူဖြစ်သဖြင့် အိမ်တော်ရှိ အစေခံတိုင်း၏ ချစ်ခင်လေးစားမှုကိုပါ ရရှိထားသူဖြစ်သည်။

"စစ်သူကြီး ကျွန်မတောင်းပန်ပါတယ် မမြင်လိုက်မိလို့ပါ''

"ရပါတယ် ဘာမှမဖြစ်ဘူး''

သူမအရိုအသေပြုကာထွက်သွားရန်ပြင်လိုက်သည်။

"အယ် ဒါကဘာလေးလဲ''

ခြေတစ်လှမ်းမလှမ်းရသေးခင် စစ်သူကြီး၏နောက်မှလိုက်ပါလာသော အစေခံ၏အသံကြောင့်သူမနောက်လှည့်ကြည့်လိုက်မိသည်။ စစ်သူကြီးသည်အစေခံထံမှ ပစ္စည်းကိုယူလိုက်ပြီး ရှောင်ကျောင်းအားလှမ်းခေါ်လိုက်သည်။

"ဟေး ဒီမှာမင်းပစ္စည်းကျခဲ့တယ်''

သူမ အမြန်ပြန်လာပြီး ထိုအရာကိုယူလိုက်သည်။ ထိုအရာမှာ သူမဆေးဆိုင်ကဝယ်လာသော လိမ်းဆေးဗူးဖြစ်သည်။

"ဒါကဘာပစ္စည်းလဲ''

"ဒါက အရိုးအဆစ်နာတာပျောက်တဲ့လိမ်းဆေးပါ''

"အော် အရင်ရက်က စစ်သူကြီးဒူးနာနေတယ်ဆိုလို့ဝယ်လာပေးတာမလား''

စစ်သူကြီး၏နောက်လိုက် အစေခံ၏ ရမ်းသမ်းစွပ်စွဲမှုကြောင့် သူမဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now