Episode 7[Z+U]

311 43 0
                                    

တစ္ဆေသတို့သားအပိုင်း(7)

Zawgyi>>>>>>>

Kakeruရဲ့လုံးတုံးတုံးနှာခေါင်းလေးနှင့်မလိုက်ဖက်စွာ စေးပျစ်ပျစ်သွေးစီးကြောင်းများ အ​မြောင်းလိုက် အဆက်မပြတ်စီးကျလာသည်ကိုကြည့်ရင်းဖြင့်
Ryo သွေးပျက်မတတ်အော်ဟစ်လိုက်မိသည်

Kakeruကတော့ထီမထင်သည့်မျက်နာပေးဖြင့်သာ စီးကျလာ​သောသွေးစက်များကို ​ပေါ့​ပေါ့ပါးပါးသုတ်လိုက်သည် သွေးစုတ်နေသောမျက်နှာပေးဖြင့် Ryoကိုလဲစိတ်ပျက်သည့်သဘောဖြင့် ကြည့်လိုက်သည်

"မင်းရဲ့နှာခေါင်းသွေးကအများကြီး လျှံနေတာပါလား ဒီတိုင်းကြည့်နေလို့တော့မဖြစ်တော့ဖူး ဆေးခန်းသွားပြမှ ဖြစ်တော့မယ်"

"မသွားချင်ဘူး"

"ဟာ ဘယ်ဖြစ်မလဲ သွားရအောင်လေ"

"ငါမသွားချင်ဘူးလို့ပြောနေတယ်နော် ငါမကြိုက်တာကိုအတင်းအကျပ်လုပ်မယ်ဆို ငါနဲ့ လာမပက်သက်နဲ့"

ခြေတခါခါလက်တခါခါဖြင့် Ryo ကပြာယာခတ်နေသလောက် Kakeru ကအရမ်းသွေးအေးနေသည်

"မင်းကလဲကွာ ပြတ်ပြတ်သားသားပြောဖို့ထိလိုလို့လား မင်းမကြိုက်ဖူးဆိုရင်လဲ ငါမတိုက်တွန်းတော့ပါဖူး ဒီတခုလေးတော့ငါ့ကိုလုပ်ခွင့်ပေးအုံး"

Ryo အင်ကျီအိတ်ထဲလက်နှိုက်ကာဖြင့် အပြာရောင်ပိုးသား လက်ကိုင်ပုဝါကိုဆွဲထုတ်လိုက်ပြီး ကျနော့ရဲ့လက်အားလဲ ဆွဲယူလိုက်သည်

"ဒီလောက်လက်မှာသွေးတွေပေနေတာ အပြင်ရောက်ရင် တမျိုးတွေထင်ကြမှာပေါ့"

အလွယ်တကူကျကွဲလွယ်သည့် ကြွေရုပ်လေးကို မထိရက်မတို့ရက်ကိုင်တွယ်သလိုမျိုးလေးကို လက်ဖမိုးလေးကို ဖြေးဖြေးချငိးသုတ်ပေးနေ​တော့သည်

"မင်းဖာသာအပိုလုပ်တာနော် ငါ့ကိုလျော်ခိုင်းဖို့မကြိုးစားနဲ့နော်"

"စိတ်ချပါ ငါကသာမင်းကိုပြန်ပြီး​တော့ ကျေးဇူးတင်ရမှာပါ????

ခရမ်းသွေးရောင်လဲ့လဲ့မျက်ဝန်းပြာပြာတွေဖြင့် နားမလည်သလိုမျိုး
ကြည့်လာတော့ လှလိုက်တာရယ်လို့သာအကြိမ်ကြိမ်ရေရွတ်မိသည်

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Where stories live. Discover now