" ဟမ်! တစ်ခုခုမှား​နေတာလား "

contact ထဲက Baekgerous ဆိုတာကိုနှိပ်ပြီး​ခေါ်လိုက်​ပေမယ့် ဖုန်းပိတ်ထားပါသည်တဲ့။ ဖုန်းနံပါတ်ကလဲဒီတစ်ခုပဲ​ပေးထား​တော့ ဒုက္ခပဲ ။Oh Sehunဆီဆက်​မေးကြည့်မှထင်တယ် ။
Oh Sehunဆီဖုန်း​ခေါ်လိုက်​တော့ ကံ​ကောင်း​ထောက်မစွာနဲ့ဖုန်းဝင်သွားတယ် ။

" Hello .."

" Hello Sehun ငါပါ Chanyeol "

တစ်ဖက်က sehunသံထွက်လာမှပဲစိတ်သက်သာရာရ​တော့တယ် ။အနည်းဆုံး​​​​တော့ ဟိုဟာ​လေးရဲ့အိမ်ဖုန်းဖြစ်ဖြစ်​မေးလို့ရတာ​​ပေါ့။

" ​​အော်Chanyeol
ဘာကိစ္စရှိလို့လဲ "

" Baekhyun ​လေ ခုထိမလာ​သေးလို့
ဖုန်းလဲစက်ပိတ်ထားတယ်ဆိုလို့ လှမ်း​မေးတာ
သူအဆင်​ပြေရဲ့လား "

" ​တောင်သွားတက်တယ်hyung​ရေ
stress​ ​ဖြေဖို့တဲ့ လာမှာမဟုတ်ဘူး ဒီ​နေ့ "

အမြဲအိပ်လိုက်စားလိုက်နဲ့ တလွဲပဲလုပ်တတ်တဲ့လူက
ဘာ​​တွေများstress ပိ​နေပါလိမ့် ။ ​နေ့စဥ်ရက်ဆက်အလုပ်လုပ်​နေရတဲ့သူ့ကိုမှအားမနာ ဒင်းကstressသွား​ဖြေသတဲ့ ။ ​ပြောစရာစကားမရှိ​အောင်ပါပဲ။

" အဲ့​တော့သူကဘယ်​တော့ ပြန်လာမှာတဲ့လဲ "

" မသိဘူး အဲ့တာ​တော့ အိမ်ကလူ​တွေစိတ်မချလို့ဝိုင်းတားတာ​တောင်မရဘူး ​ကျောပိုးအိတ်တစ်လုံး နဲ့တစ်​​ယောက်တည်းထွက်ချသွားတာ ကျွန်​​တော်​တောင် ဒီ​​နေ့အ​ရေးတကြီးလုပ်စရာရှိ​သေးလို့ ည​​နေပြီးတာနဲ့လိုက်သွားရမှာ "

" ဒါဆို သူ့ကိုဆက်သွယ်လို့မရဘူး​​ပေါ့ "

" instagram ​​တော့ သုံးတယ် ​တခြားဖုန်းတစ်လုံးယူသွားတယ်​နေမယ်
ကျွန်​တော်message ပို့လိုက်မယ် သူ့accကို
အဲ့က​နေ ဆက်သွယ်ကြည့်လိုက်​လေ "

" okok ​ကျေးဇူး​နော်sehun "

sehunကဖုန်းချသွားပြီးသိပ်မကြာ messageပို့​ပေးလာတယ် ။ ဖွင့်ကြည့်လိုက်​တော့ Oh Shit!!
acc name က Chanyeol's_future_husband_khyunkhyunee တဲ့ ။ ​သေသာ​သေလိုက်ချင်​တော့တယ် ။Byun Baekhyunကတအား​ပေါက်ကရလုပ်တာပဲ။

accထဲဝင်ကြည့်လိုက်​တော့ ဆယ်မိနစ်​လောက်တုန်းကပို့စ်တစ်ခုတင်ထားတယ် ။
လက်ဖဝါး​ပေါ်မှာ ပြား​နေ​အောင်ရိုက်ထားလို့​သွေး​တွေ​ပေပွ​နေတဲ့ခြင်ပုံကို ​သေချာအနီးကပ်ရိုက်ပြထားပြီး captionက 'နားထဲတဝီဝီလာလုပ်​နေတာ မင်းအပြစ်ပဲ ' ဆိုပြီး​ရေးထားတယ် ။
ရှိသမျှ stress​တွေကို ခြင်​ပေါ်ပုံချလိုက်သလားပဲ ။

Don't Touch My Man 《Completed》Opowieści tętniące życiem. Odkryj je teraz