ဘယ်တော့မှ ပြန်မလာဘူးလို့ သဓိဌာန် ချခဲ့တဲ့ ဒီနေရာကို အခုပြန်ရောက်လာခဲ့ပြီ

ဘေးကိုကြည့်လိုက်တော့ အိပ်ပျော်နေပြီဖြစ်တဲ့ ကျန့်ကော...မနိုးအောင် ခေါင်းကိုအသာလေး မကာ ကိုင်ကြည့်မိသည်

နည်းနည်းလေးဆောင့်မိတာလို့‌ေပြာပေမဲ့ အစ်မဝမ်ချင်က အားနဲ့တွန်းခံလိုက်ရတာလို့ပြောတယ်

ဟိုနေ့က သူရှောင်းကျန့်အိမ်ကို ရှင်းပေးတုန်း တုတ် တစ်ချောင်းတွေ့ခဲ့သေးတယ် အရိုက်ခံရမှန်း သံသယဖြစ်မိပေမဲ့ အရမ်းကြီးမဆိုးလောက်ဘူးထင်တာ အခုထပ်ဆောင့်မိတာဆိုရင်တော့ စိုးရိမ်စရာဖြစ်သွားပြီ

ခေါင်းကိုအသာလေးပြန်ချလိုက်သည်
နောက်တစ်ခါ ထပ်မြင်ရပြန်တဲ့ ကျန့်ကောရဲ့ အိပ်နေတဲ့ပုံလေးကို ရိပေါ်ငေးမိသည်
ဘယ်နှစ်ခါကြည့်ကြည့် ရိုးမသွားဘူး

အဲ့နေ့ညက ကားထဲမှာ အိပ်ပျော်နေတဲ့ ဒေါက်တာလေးရဲ့ပါးကို ရဲသားလေးက ခိုးနမ်းခဲ့ပါတယ်

ဒီ့ထက်တော့ ပိုမလုပ်ခဲ့ချေ ကောကိုအခွင့်အရေးမယူချင်ဘူး ကျန့်ကော သတိရှိနေတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့ နမ်းချင်တယ် အဲ့လိုလုပ်လို့ ကော ကျွန်တော့်ကို မုန်းသွားမယ်ဆိုရင်တောင် ကျွန်တော်နောက်မဆုတ်ဘူး

နောက်တစ်နေ့မနက်ရောက်တော့

နိုးလာတဲ့ ဆရာဝန်လေးက ကြောင်တောင်တောင်နဲ့ သူရောက်နေတဲ့အခန်းကို သေချာကြည့်နေတယ် သူဘယ်ရောက်နေတာလဲ ရိပေါ် သူ့ကိုလိုက်ပို့ပြီးတော့ ငါအိပ်ပျော်သွားပြန်တာလား ရှောင်းကျန့်ရားးးးး

မင်းရူးနေပြီ!!! တကယ်ကိုရူးနေပြီ!!!

ဒီတစ်ခါလည်း ထပ်ပြီး ပွေ့ချီ.....ငါအငွေ့သာပျံသွားလိုက်ချင်တယ်

တံခါးခေါက်သံကြောင့် ပြန်လှဲကာ အိပ်ချင်ယောင်ဆောင်လိုက်သည်

အခန်းထဲဝင်လာတဲ့ ရိပေါ်က လက်ထဲက
ပေါင်မုန့်နဲ့ နွားနို့ ကို ဘေးချကာ ကုတင်နားရောက်လာသည်

*ဘယ်လိုလုပ်မလဲ ငါသူ့ကို မျက်နှာမပြရဲဘူး*

"ကော နိုးနေမှန်းသိတယ်နော် ကျွန်တော်အပြင်ကအသံကြားရတယ် ထ မနက်စာစားမယ်လေ"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now