"အကို ဒီည ​ပေကျင်းပြန်​ဖို့ Team တစ်​ခုလုံးအတွက်​လက်​မှတ်​ဖြတ်​ထားလိုက်​ပါ"

တစ်​ဖက်​က မန်​​နေဂျာဖြစ်​သူက​တော့ သူ့ မင်းသား ဘုကန့်​လန့်​ မလုပ်​​တော့ဘဲ ​ပေကျင်းပြန်​ဖို့ သ​ဘောတူလိုက်​ပြီထင်​ပြီး​ပျော်​​နေသလို.. Yibo ရဲ့ ဘယ်​ဘက်​နှုတ်​ခမ်းစွန်းကလဲ တစ်​ဖက်​ကို​ကွေး​တက်​​နေသည်​။

>>>>>>

"ပြန်​လာပြီလား"

"အင်း ကိုကို ကျွန်​​တော့်​ကိုဖက်​​ပေးပါဦး ပင်​ပန်းလို့ "

ဘယ်​လိုပဲမာ​ကျော​နေပါ​စေ Wang Yibo ဟာသူ့ ကိုကို​ရှေ့ မှာ​တော့​ခွေး​ပေါက်​​လေးပဲ။
Xiao Zhan က​ ခပ်​ဟဟ ရယ်​လို့ ​ခွေး​​ပေါက်​​လေးကိုရင်​ခွင်​ထဲဆွဲသွင်းပြီး
ကျောပြင်​​လေးကိုပါ ခပ်​ဖွဖွပုတ်​​ပေး​နေသည်​။

"Haha လွန်​ခဲ့တဲ့ ၃ နှစ်​က​ရော ပင်​ပန်းရင်​ဘယ်​သူ့ ကိုဖက်​လဲ ​ခွေး​ပေါက်​​လေး"

"ဖက်​စရာလူမှမရှိတာ ပင်​ပန်းလဲ ကိုယ့်​ဘာသာကြိတ်​ခံစားရတာ​ပေါ့ ကိုကိုရဲ့ "

Yibo ရဲ့ စကား​ကြောင့်​ Xiao Zhan ရဲ့ လက်​​တွေက လှုပ်​ရှားမှုက​နေ ရပ်​တန့်​သွားသည်​။

"မားမားရှိတယ်​မဟုတ်​လား"

Xiao Zhan ​ကတိုးဖွဖွ​လေး​မေး​တော့ Yibo က ဖက်​ထားရာက​နေ ​မော့ကြည့်​လာသည်​။

"မားမားလား ကိုကို​ပြောတာ ကျွန်​​တော့်​ဝါသနာကို သ​ဘောမတူခဲ့တဲ့ မားမားလား
တကယ်​တမ်း​ ကျွန်​​တော်ေ​အာင်​မြင်​ဖို့ လမ်းစကိုရှာ​တွေ့ ​တော့ ကိုကို့ ကိုကျွန်​​တော့်​​ဘေးက ဖယ်​ထုတ်​ခဲ့တဲ့ မားမားလား"

Xiao Zhan မှာ အံ့သြရပြန်​ပါသည်​။
ဒီက​လေးက ဒါ​တွေအထိသိထား​နေတာလား။

"အံ့သြသလိုကြီး မ​နေစမ်းပါနဲ့ ကိုကိုရာ
Yibo သာသိချင်​ရင်​အကုန်​သိရပါတယ်
ကိုကိုရှိ​နေခဲ့တဲ့​နေရာကလွဲလို့ ​ပေါ့"

"ပင်​ပန်းသွားရပြီ က​လေးငယ်
ကိုကိုက အများကြီးကြိုးစားထားတာမို့ 
က​လေးငယ်​ကို ကာကွယ်​​ပေးနိုင်​တဲ့အရည်​အချင်းရှိပြီမို့  ထပ်​မထားသွားပါဘူး
ပြီး​တော့ ထားခဲ့မိတဲ့အတွက်​လဲ​တောင်းပန်​ပါတယ်​"

You've reached the end of published parts.

⏰ Last updated: Jan 22, 2021 ⏰

Add this story to your Library to get notified about new parts!

I can't forgive you anymore !Where stories live. Discover now