31• Loving you is haunting me

Start from the beginning
                                    

အမျိုးကောင်းသားတစ်ယောက်ကို အပျော်တွဲတယ်ဆိုပြီး ကလေးတစ်ယောက်ရအောင် ထားခဲ့တယ်ဆိုတာကတော့ Thomas ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စပဲ။

သူတို့မိသားစုမှာ ဒီလိုစိတ်ဓာတ်အောက်တန်းကျတဲ့ သူမျိုးမရှိသင့်ဘူးလေ။

"ခဏလေး ကိုကိုကြီး မအော်နဲ့ဦး ကျွန်တော်လည်း ဒီကလေးရှိတာကို မသိခဲ့ဘူး တကယ်လို့ကျွန်တော် ဒီကလေးရှိတာသာ သိခဲ့ရင်တော့ အခုလိုမျိုးကြီး သူ့ကိုထားခဲ့မှာ မဟုတ်ဘူးလေ''

Nicholas စကားကြောင့် Thomas စိတ်ကိုလျှော့ကာ Nicholasပြောတာကို ဆက်နားထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။

"ဟုတ်ပြီ အဲ့တာဆိုဆက်ပြော''

"သူနဲ့ကျွန်တော်ကြိုက်ပြီး ခြောက်လလောက်နေတော့ ကျွန်တော်နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ Daddyက စီစဉ်ပေးတယ်''

"လွန်ခဲ့တဲ့လေးနှစ်က မဟုတ်လား ငါသိတယ်လေ''

"ဟုတ်တယ် အဲ့ဒီလို စီစဉ်ပေးတော့ကျွန်တော်ကလည်း ပျော်ပျော်ကြီး သွားလိုက်တာပေါ့ အဲ့ဒီတုန်းက ကျွန်တော်နဲ့ Samနဲ့က ဒီတိုင်းပဲ အပျော်တွဲနေတယ်ဆိုရုံပဲလေ ကျွန်တော်က ဘယ်တုန်းကမှ အိမ်ထောင်ပြုတာတွေ လက်ထပ်တာတွေကို စိတ်မဝင်စားတဲ့သူမို့ Sam ကိုလည်း အတည်တွဲပြီး လက်ထပ်ဖို့ ရည်ရွယ်ထားခဲ့တာ မဟုတ်ဘူး''

"အဲ့တာဆို မင်းက ဘာဖြစ်လို့ သူ့ကို ကိုယ်ဝန်ရှိအောင် လုပ်ခဲ့လဲကွ''

"ကျွန်တော်မသိခဲ့ဘူး ကိုကိုကြီး သူ့မှာ ကိုယ်ဝန်ရှိနေတာကို ကျွန်တော်မသိခဲ့ဘူး သူကလည်း ကျွန်တော့်ကို မပြောခဲ့ဘူးလေ ကျွန်တော့်စိတ်ထင်တေ့ာ ကျွန်တော်နိုင်ငံခြား သွားခါနီးအချိန်မှာ သူကိုယ်ဝန်ရှိတာ ဖြစ်လိမ့်မယ် ဒါပေမယ့် သူက ကျွန်တော့်ကို မပြောခဲ့တော့ ကျွန်တော်မသိခဲ့ဘူး အဲ့တာကြောင့် ကျွန်တော် LDRS ကိုလည်း အယုံအကြည်မရှိတာမို့ သူ့ကိုလမ်းခွဲစကားပြောပြီး ကျွန်တော်နိုင်ငံခြားကို ထွက်သွားခဲ့တာ''

"ဒါဆို Sam က ဒီတစ်လျှောက်လုံး ကလေးကို သူတစ်ယောက်တည်းပျိုးထောင်ခဲ့တာပေါ့ Nicholas ညီရာ မင်းမိုက်လိုက်တာ တစ်ဖက်သားကို ဘယ်လောက်ထိ အားနာရာကောင်းလဲ ''

That Omega is so cute and I can't help! [Completed]Where stories live. Discover now