31• Loving you is haunting me

Start from the beginning
                                    

"မင်းမသိတာတွေ အများကြီးရှိပါတယ် ထားလိုက်ပါ ဘာပြောမလို့လဲ''

"ကျွန်တော် ကိုကိုကြီးကို ပြောစရာရှိလို့''

Nicholas က ဘာအကြောင်းလဲဆိုတာ တန်းမပြောသေးပဲ bar counter အနောက်မှာ ထားထားတဲ့ အရက်ခွက်အလွတ်တစ်လုံးကို သွားယူလာကာ စားပွဲပေါ်အသင့်ရှိတဲ့ ရေခဲနဲ့အရက်ကို ခွက်ထဲထည့်နေသေးသည်။

"ပြောမယ်ဆို ဘာပြောမလို့လဲ''

"ကျွန်တော့်အတွင်းရေးမှူး Samမှာ ကျွန်တော်နဲ့ရတဲ့ ကလေးတစ်ယောက်ရှိနေတယ်''

"ဘယ်လို မင်းအတွင်းရေးမှူး Samမှာ မင်းနဲ့ရတဲ့ ကလေးရှိတယ်ဟုတ်လား''

Thomas ကြားရတဲ့ စကားတွေကို ဘယ်လိုမှ မယုံနိုင်ဘူး၊ အခုမှ Nicholasက ပြန်လာတာ နှစ်လလောက်ပဲ ရှိသေးတယ်လေ။

Samမှာ Nicholasနဲ့ရတဲ့ ကလေးရှိနေတယ်ဆိုတာက....

" မင်းက အခုမှပြန်လာတာ ဘယ်လောက်ကြာသေးလို့ မင်းရဲ့ကလေး Sam မှာရှိနေရတာလဲ''

"ကလေးက အခုရှိနေတာ မဟုတ်ဘူး၊အရင်တုန်းကတည်းက ရှိခဲ့တာ''

"ဘာ ဒါဆို ဟိုကလေးလေး ငါတို့ ခရီးသွာတုန်းကပါတဲ့ ကလေးလေး Nixonက မင်းသားလား''

"ဟုတ်တယ် ကိုကိုကြီး အဲ့တာကျွန်တော့်သားပဲ''

"နေပါဦး မင်းတို့က ဘယ်တုန်းက ဘယ်လိုပတ်သတ်ပြီး ကလေးတစ်ယောက်တောင် သုံးနှစ်ဖြစ်သွားတာလဲ''

"ကျွန်တော် နိုင်ငံခြားမသွားခင်က ကျွန်တော်နဲ့Samနဲ့ တွဲခဲ့ကြတာ''

"ဟေ ငါလည်းဘာမှမသိရပါလား''

Nicholas ရဲ့ရင်ဖွင့်စကားတွေကို နားထောင်ပြီး သူ့မှာ အံ့သြပြီးရင် အံ့သြလို့ ဘာပြန်ပြောရမလဲတောင် မသိတော့။ အနေတည်ပြီး အရှက်အကြောက်ကြီးတဲ့ Sam လိုကောင်လေးက သူ့ညီလို playboy တစ်ယောက်နဲ့ ချစ်သူတွေဖြစ်ခဲ့ပြီး ကလေးတစ်ယောက်တောင် ရခဲ့သတဲ့လား။

"ဟုတ်တယ် Sam က ဘယ်သူ့ကိုမှ မသိချင်စေချင်ဘူး၊ ပြီးတော့ ကျွန်တော်ကလည်း အပျော်တွဲခဲ့တာ ဆိုတော့''

"ဟိတ်ကောင် Nicholas…''

ကြားရတဲ့ စကားကြောင့် Thomas ညီဖြစ်သူကို ဒေါသတကြီးနဲ့ အော်လိုက်မိတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now