30• My heart shutters into pieces

Start from the beginning
                                    

Sam ပြောတဲ့ စကားတွေက မှန်နေတာမို့ Nicholas ဘာပြန်ပြောရမှန်းလည်း မသိပဲ ဖြစ်နေခဲ့တယ်။

Sam ပြောသလို ဒီကလေးရှိတာကို သူမသိခဲ့ဘူး ဆိုတာမှန်ပေမယ့် သူက သိသိရက်နဲ့ စွန့်ပစ်ခဲ့တာတော့ မဟုတ်ဘူးလေ။

"ဒီမှာ Sam မင်းအဲ့လို တစ်ဖက်စောင်းနင်း ပြောလို့မရဘူး ငါက ဒီကလေး ရှိကြောင်းကို မသိခဲ့ရတာလေ''

"ဪ အခုတော့ ကလေးရှိတာကို မသိခဲ့ရလို့ ခင်ဗျားက ကျွန်တော့်ကို အပြစ်တင်ချင်နေတာလား ခင်ဗျား ပြောစမ်းပါဦး ကျွန်တော်နဲ့ပတ်သတ်ပြီး ခင်ဗျားဘက်က ဘာတွေများ အရေးတယူမေးခဲ့တာရှိလဲ ခင်ဗျားနဲ့ကျွန်တော် တွေ့ကြတိုင်း ခင်ဗျားပြောချင်တာတွေ၊လုပ်ချင်တာတွေပဲလုပ်ခဲ့တယ်၊  အမြဲတမ်းခင်ဗျားဖြစ်ချင်တဲ့ ဆန္ဒတွေကို လုပ်ဖို့ပဲ ခင်ဗျားသိတာလေ။ ကျွန်တော့်ဘက်က ဘာတွေပြောချင်လဲ၊ ဘာတွေဆန္ဒရှိလဲ၊ ကျွန်တော် ဘာပြောစရာရှိလဲ ဆိုတာတောင် ခင်ဗျားမေးဖူးလို့လား၊ ခင်ဗျားနဲ့ ပတ်သတ်ခဲ့ရတဲ့ အချိန်တွေမှာ အမြဲတမ်း ကျွန်တော့်ဆန္ဒကို ချိုးနှိမ်ခဲ့ရတယ်။အမြဲတမ်း ကျွန်တော်ပြောချင်တဲ့ စကားတွေ ပိတ်ဆို့ခံခဲ့ရတယ်။ ခင်ဗျားကျွန်တော့်ကို လမ်းခွဲစကားပြောတဲ့အချိန်ထိ ကျွန်တော့်မှာ ကို ဘာပြန်ပြောခွင့်များရှိခဲ့လို့လဲ''

"မင်းကိုကိုယ်က ဘာမှမပြောနဲ့လို့ တားနေခဲ့တာ မဟုတ်ဘူးလေ မင်းဘာသာမင်း မပြောခဲ့တာ''

"ဟုတ်တယ် ကျွန်တော် မပြောခဲ့ဘူး ကျွန်တော်ကြောက်တယ်လေ ခင်များစွန့်ပစ်သွားမှာ တခြားသူတွေလိုပဲ ခင်ဗျားကျွန်တော့်ကို ထားခဲ့မှာ ကျွန်တော်ကြောက်တယ်လေ အဲ့တာကြောင့်မို့ ခင်ဗျားပျော်ရွှင်ပါစေ စိတ်ချမ်းသာပါစေဆိုပြီး ကျွန်တော် အမြဲတမ်းလိုက်လျောခဲ့တာ ဒါပေမယ့် ခင်ဗျားကရော ကျွန်တော့်ရင်ထဲကို တစ်ခါလောက်ဖြစ်ဖြစ် မြင်အောင်ကြည့်ခဲ့လို့လား''

သူ့ရှေ့မှာ အမြဲတမ်း ယုန်သူငယ်လေးလို ပါးစပ်ပိတ်ပြီး နေတတ်ခဲ့တဲ့ Sam က ဒီနေ့တော့ အရမ်းအရမ်းကို စွာနေတဲ့ ခြင်္သေ့ပေါက်စတစ်ကောင်လို ဖြစ်နေတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now