30• My heart shutters into pieces

Start from the beginning
                                    

Samနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေက သူတကူးတက စဉ်းစားစရာမလိုပဲ သူ့မှတ်ဥာဏ်တွေထဲမှာ မကြာခဏပေါ်လာတတ်တယ်။

Nicholas အနေနဲ့ ရည်းစားထားတယ်ဆိုရင် တစ်လကိုတစ်ယောက်လောက်ပဲ တွဲတတ်တာမို့ ခြောက်လနီးပါးလောက်တွဲခဲ့တဲ့ Sam နဲ့ Nicholas မှာ အမှတ်တရတွေ ပိုပြီးများတာတော့ မဆန်းပါဘူး။

Samအခန်းတံခါးကို Nicholasစိတ်မရှည်စွာနဲ့ ဆက်တိုက်ခေါက်နေမိတော့ သိပ်မကြာလိုက်ဘူး Samက တံခါးလာဖွင့်တယ်။

"ခင်ဗျား ဒီကိုဘာလာလုပ်တာလဲ''

သူပြန်မဖြေပဲ ပိုင်စိုးပိုင်နင်းဖြင့် Sam ရဲ့ အိမ်တံခါးကို တွန်းဖွင့်ကာ အိမ်ထဲသို့ဝင်လိုက်မိတယ်။

မစိမ်းသက်တဲ့ အိမ်ရဲ့အငွေ့အသက်က သူ့ကို အရင်ကလို နွေးထွေးစေတုန်းပဲ၊ Sam အမေက သူ့ကိုမကြာခဏ ထမင်းစားဖိတ်တတ်တာမို့ သူ ဒီအိမ်ကို ခဏခဏရောက်ဖြစ်ခဲ့သည်။

“ဘာကိစ္စရှိလို့လဲ Nicholas”

Nicholas က ဧည့်ခန်းရှိ ဆိုဖာခပ်နွမ်းနွမ်းပေါ်မှာ သက်တောင့်သက်သာဝင်ထိုင်နေပေမယ့် Sam ကတော့ မသက်မသာဖြင့် သူ့အနားကိုတောင် ရောက်မလာပဲ ခပ်လှမ်းလှမ်းမှာရပ်ကာမေးလေတယ်။

"ကိုယ် DNA Result ရလာခဲ့ပြီ Nixon က ကိုယ့်ရဲ့ကလေးပဲ''

Nicholas စကားကြောင့် Sam မျက်နှာက တစ်ချက်မဲ့ကျသွားပြီး သူ့ကိုပြောတယ်။

''အဲ့ဒီတော့ကော ကျွန်တော်က ဘာလုပ်ပေးရမှာလဲ ခင်ဗျားက ဇီဝဗေဒအဖြေပေါ်မှာပဲ ကလေးရဲ့အဖေဆိုတဲ့ ဂုဏ်ပုဒ်ကိုပဲ ရနိုငိတာပါ တကယ်တကယ် လက်တွေ့ဘဝမှာ ခင်ဗျားက ကလေးအဖေဖြစ်ထိုက်တဲ့ ဘာအရည်အချင်းများ ရှိနေလို့လဲ''

"မင်းဘာပြောလိုက်တယ်''

Nicholas ဆောင့်အော်လိုက်တော့ Sam က အံကြိတ်ကာ ခပ်တိုးတိုးပြောတယ်။

“စကားကိုတိုးတိုးပြော Baby လေးအိပ်နေတယ်”

“အေး မင်းငါ့ကိုဘာစကားပြောလိုက်တာလဲ အခုရှင်းစမ်း”

"အနာရှိလို့ စပ်သွားတာလား ခင်ဗျားမှာ ကလေးအဖေဖြစ်ဖို့ ဘာအရည်အချင်းတွေ ရှိလို့လဲလို့ မေးလိုက်တာလေ ဒီကလေးနဲ့ ပတ်သတ်ပြီး ခင်ဗျားက ဘာတွေများလုပ်ပေးဖူးလို့ ကလေးအဖေဆိုတဲ့ နေရာကို လိုချင်နေရတာလဲ ပြောစမ်းပါဦး ဒီကလေးရှိတယ်ဆိုတာကိုတောင် ခင်ဗျားသိခဲ့လို့လား''

That Omega is so cute and I can't help! [Completed]Where stories live. Discover now