26• Is he ---- ?

Start from the beginning
                                    

အစတုန်းက Alex ပြောတဲ့ ဒီအသက်အရွယ်ရောက်မှ pheromones စတင်ပြောင်းလဲလာတယ်ဆိုတာ မယုံပေမယ့် အခုတော့လဲ သူယုံချင်သလိုလိုရှိလာပြီ။ အရင်က ဒီအခန်းထဲ သူလာလဲ pheromones နံ့တွေမရခဲ့ဘူးဆိုပေမယ့် အခုနောက်ပိုင်းတော့ Alex အခန်းက Alpha တစ်ယောက်ရဲ့အခန်းဆိုတာပြောစရာမလိုအောင် သူ့ရဲ့ alpha pheromones တွေနဲ့ ပြည့်နှက်နေခဲ့ပြီမဟုတ်ပါလား။

"မင်းမျက်နှာက ဒဏ်ရာတွေက ဘာဖြစ်လာတာလဲလို့ ငါအကောင်းမေးနေတာ''

Alex က အခန်းတံခါးကို ပြန်ပိတ်ပြီး Raymus အနားကို ရောက်လာကာ သူ့မျက်နှာကို ငုံ့ကြည့်ပြီး မေးလာပြန်တယ်။

"မျက်နှာမှာ ဒဏ်ရာရလာမှတော့ ကစားလာတာဖြစ်မလား၊ ရန်ဖြစ်လာတာပေါ့"

"ဘယ်သူတွေနဲ့ရန်ဖြစ်လာတာလဲ မင်းကတော့လေ အချိန်ရှိတိုင်း ရန်ဖြစ်မယ်ဆိုတာချည်းပဲ''

Alex လက်တစ်ဖက်က သူ့မေးစေ့ကို ဆွဲလှန်ကာ ပြောလိုက်တော့ Raymus တစ်ယောက်အားခနဲအော်ရတော့တယ်။ အဲဒီကောင်က လုပ်လိုက်ရင် သောက်ရမ်း။

“ဟ နာတယ်ဟ မင်းအမေဒဏ်ရာက အခုလေးတင် ရလာတာ…”

“သြော် ရန်ဖြစ်မှတော့ ဒဏ်ရာမရပဲ နေမလား အခုမှအော်မနေနဲ့ ရန်ဖြစ်တုန်းကတော့ ဖြစ်ပြီးတော့”

"ဆရာကိုယ်တော်Alexရယ် ဘယ်သူကတော့ ပျော်လို့ရန်ဖြစ်မှာလဲ ရန်ဖြစ်စရာအကြောင်းရှိလို့ ရန်ဖြစ်လာတာပေါ့ နားငြီးတယ်ကွာ စာအုပ်ထုတ် .. စာသင်မယ်''

"မင်းဒီမျက်နှာကြီးနဲ့ ဘယ်လိုဖြစ်လို့ စာသင်လို့ဖြစ်အုံးမှာလဲ အဲ့ဒီမှာ ငြိမ်ငြိမ်နေဦး''

"ငြိမ်ငြိမ်မနေလို့ငါက ကင်းမြီးကောက်ထိုင်နေလို့လား''

"ပြန်ပြောနေပြန်ပြီ စွာလိုက်တာ''

Alex က နှာခေါင်းရှုံ့ကာပြောပြီးနောက် Raymus အရှေ့မှာရပ်နေရာကနေ အခန်းထောင့်တစ်နေရာကို လျှောက်သွားတယ်။

Raymus လည်း ရန်ဖြစ်ထားရလို့ ခန္တာကိုယ်တစ်ခုလုံး နာကျင်နေတာဆိုတော့ မလှုပ်ချင်ပဲ သူ့မွေ့ယာပေါ်ပဲ ဆက်လှဲလိုက်တယ်။

ဘယ်လောက်မှမကြာလိုက်၊ Alex က လက်ထဲမှာ အိတ်တစ်အိတ်ဆွဲပြီး Raymus နားကို ပြန်ရောက်လာတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now