Happy Chiness New Year

1.8K 96 2
                                    

Happy Chinese New Year's Night

#KM one shot

Suho တစ်ယောက် Dorm ထဲက Sofa တစ်လုံးပေါ်မှာထိုင်ရင်း မျက်နှာက ပြုံးစိစိဖြစ်နေသည်

မဖြစ်ခံနိုင်ရိုးလား ???? အခု Dorm ထဲမှာ သူနဲ့ သူအရမ်းချစ်ရတဲ့ Penguin လေးနဲ့ နှစ်ယောက်တည်းလေ

ဒီနေ့က Chinese New Year Day လေ China line တွေကတော့ မနေ့ကညနေတည်းက China ပြန်သွားကြတယ် Sehun ကတော့ New Year ကြည့်ဖူးချင်လို့ပါဆိုပြီး Tao နဲ့ Beijing လိုက်သွားသည် အဲ့ Maknae လေးက New Year ကြည့်ချင်တာနည်းနည်း သူ့ Hyungနဲ့တွေ့ ချင်တာက များများပါ

Luhan Hyungကလည်း ဖုန်းဆက်ပြီးလိုက်လာခဲ့ဖို့ပြောလို့ကောက်ကောက်ပါအောင်လိုက်သွားခြင်းလေ

Chen နဲ့ Xiumin Hyung ကတော့ အိမ်မပြန်တာကြာပြီ ဆိုပြီး မနက်ကမှပြန်သွားသည် တစ်ညအိပ်ပြီးမှပြန်လာမယ်တဲ့

Kai ကတော့ Taemin နဲ့  SM town မှာ အကကျင့်နေကြသည် အဲ့နှစ်ယောက်ကလည်း ကရမယ် ဆို ထမင်းမေ့ဟင်းမေ့

အိမ်မှာ Baekhyun  Chanyeol D.o နဲ့သူသာရှိနေရာမှ Baek Yeol က ပျင်းတယ်လို့ဆိုကာ Shopping ထွက်သွားကြသည် သူ့ကိုပါ လိုက်ဖို့ခေါ်ပေမဲ့ D.o က အိမ်မှာပဲအေးဆေးနားချင်သည်ဟု

ပြောတော့ သူကလည်း နေလို့မကောင်းဟူသော အကြောင်းပြချက်ဖြင့် အိမ်မှာနေခဲ့ခြင်း

Suho တစ်ယောက် အတွေးလေးဖြင့် ပြုံးလိုက်မိသည်

ဟုတ်ပါသည် သူ Leader တစ်ယောက် အနေနဲ့ Member တွေအကုန်လုံးအပေါ်ဂရုစိုက်ခဲ့ပေမဲ့ အဲ့တစ်ယောက်အပေါ်မှာ ခံစားချက်တွေပိုခဲ့တာတော့ Member တွေအကုန်လုံးလည်းရိပ်မိသိရှိခဲ့သည် Chanyeol ဆိုလျှင် Interview တွေမှာပါ Appa နဲ့ Omma ဆိုပြီးစလွန်းလို့ အရမ်းမစပါနဲ့ Fan တွေရိပ်မိကုန်လိမ့်မယ်ဆိုပြီး တားရသည်အထိပင် .

အဲ့ ကလေးလေးကို ချစ်နေသည်ဟုဖွင့်ပြောခဲ့စဉ်ကလည်း BWCW မှာ

D.O pabo,who doesn't know my heart

ဆိုပြီး ရေးခဲ့တော့

"Hyung ကျွန်တော်ကိုဘာတွေများစိတ်ဆိုးနေတာလဲ "

ဆိုပြီး လာမေးတဲ့အချိန်မှာ သူကိုယ်လုံးသေးသေးလေးကိုတင်းနေအောင်ဖက်ပြီး ရင်ခုန်သံတွေကို သူသိအောင်ပြောပြခဲ့သည် သူကလည်း ချစ်နေတယ်ဆိုတာ သိရတော့ ကျွန်တော်လောက်ပျော်ရွှင်သည့် လူသား ကမ္ဘာပေါ်မှာရှိမည်မထင်တော့

Happy Chinese New Year's NightWhere stories live. Discover now