'ငါမင်းဆီကနေ ဒယ်ဒီ့ရဲ့အချစ်တွေကို မလုယူခဲ့ပါဘူး ဒန်နီရယ်
အမှန်တော့ ဒယ်ဒီ က မင်းကို ပိုချစ်တာပါ ဘာလို့ ငါ အဲ့လို ပြောနိုင်ရတာလဲဆို ဒယ်ဒီက ငါ့ရဲ့ အဝါရောင်ဆံပင်တွေကိုတောင် အနက်ရောင် ပြောင်းခိုင်းခဲ့တယ်
ပြီးတော့ မင်းနဲ့ ပက်သက်တဲ့ အမှုတစ်ခုကိုတောင် အခြားလူတစ်ယောက် ကိုလွဲချပြီး ထောင်ကျခိုင်းခဲ့တဲ့ အကြောင်းကို မင်း မေ့နေခဲ့တာလား
ငါလေ ငယ်ငယ်က မင်းကို ငါ့ညီလေး ဆိုပြီး ချစ်ခဲ့တာ ဒါပေမယ့် မင်းကတော့ ငါ့ကို အငယ်အနှောင်းရဲ့ သားတဲ့ မင်းနဲ့ ဘယ်လောက် စကားအခြေအတင်တွေ ဖြစ်ဖြစ် မင်း ငါ့ကို ဘယ်လောက်အရှက်ခွဲခွဲ ငါမင်းကို မမုန်းခဲ့ပါဘူး ဒန်နီရယ်
သောမတ်စ် ဆိုတဲ့ သူကိုတော့ ငါ့ဆီက နေ မလုယူပါနဲ့ ဒန်နီရယ် ငါတောင်းပန်ပါတယ် ငါ့ကို မေတ္တာအစစ် ပေးဖူးတာဆိုလို့ အဲ့လူတစ်ယောက်ပဲ ရှိလို့ပါကွာ ငါတောင်းပန်ပါတယ် ဒန်နီရယ် သောမတ်စ် ကိုတော့ ငါ့ဆီက မဆွဲထုတ်သွားပါနဲ့ '

လီယို ထို စကားများကို ဒန်နီရယ် ဆိုတဲ့ ကောင်လေး မကြားနိုင်မှန်း သိပေမယ့် ရေရွတ်နေမိသည်။ ငိုရလွန်းသော ကြောင့် လီယို ပင်ပန်းနွမ်းနယ်လာပြီး ထိုနေရာတွင်ပင် အိပ်စက်ခြင်းဆီသို့ ရောက်ရှိသွားသည်။

သောမတ်စ် ကတော့ သူ့ အခန်းထဲတွင် F.Scott Fitzgerald ရဲ့ The Great Gatsby ဆိုတဲ့ စာအုပ်ကို စိတ်ဝင်တစားဖတ်ရှုနေသည်။ နေ့တိုင်း သောမတ်စ်သည် စာအုပ်ဖတ်ပြီး တရေးတမော အိပ်ခြင်းဖြင့်
သူ၏ နေ့လည်နေ့ခငျး အချိန်များကို ကုန်ဆုံးစေသည်။
အိပ်စက်ပြီး နိုးလာသောအခါ ရေချိုးသန့်စင်ပြီး အလုပ်လုပ်ရာနေရာသို့ သောမတ်စ် ထွက်ခွာခဲ့သည်။ဤသည်များ မှာသောမတ်စ်၏ နေ့စဥ် ဖြစ်ပျက်နေသမျှ အရာတစ်ခုဖြစ်သည်။

Bar သို့ရောက်သောအခါ သောမတ်စ် သူ၏ cocktail စပ်ခြင်း လုပ်ငန်းကို စတင်ရတော့သည်။ထိုသို့ ဖြင့် ည ၉ နာရီသို့ရောက်သောအခါ သောမတ်စ်တို့ cocktail ဖျော်စပ်ရာ bar counter ရှေ့တွင် အာရှသားမျက်နှာပေါက်ရှိပြီး အသားအရည်ဖြူဖွေးကာ အနက်ရောင် ဆံပင်ခပ်အုပ်အုပ်နှင့် လူငယ် တစ်ယောက်လာထိုင်သည်။ထို လူငယ်၏ အသက်ကို ခန့်မှန်းရလျှင် လီယို အသက် နှင့်အတူတူသာ ရှိလောက်မည်။

I'm The Husband Of A Villain (ငါကဗီလိန်တစ်ယောက်ရဲ့ခင်ပွန်း)Where stories live. Discover now