"အော် အငယ်အနှောင်း မဟုတ်ခဲ့ရင် ဘာလို့ မင်းနဲ့ငါက လ ပိုင်း ပဲ ခြားပြီး မွေးလာရတာလဲ မင်း အမေက ငါ့ ဒယ်ဒီ ကို ဘယ် အချိန်တည်းက ချူနေခဲ့တာလဲ ဟမ်
ဟက် ငါ့မာမီ ဆုံးသွားတော့လည်း မျက်နှာပြောင်တိုက်ပြီး အိမ်ပေါ်တက်လာလိုက်ကြများ"

"ဒန်နီရယ် မင်းစကားတွေ လွန်မလာနဲ့ ငါ့အမေ ကို ဒယ်ဒီက ခေါ်လို့ ဒယ်ဒီ့ အိမ်ကို ပြောင်းလာတာလေ အဲ့တာ ဘာမကျေနပ်စရာများ ရှိနေလို့လဲ"

"မကျေနပ်စရာ သိပ်ရှိတာပေါ့ မင်းတို့ သားအမိ အိမ်ပေါ် ရောက်လာတဲ့ နေကစပြီး ဒယ်ဒီက ငါ့ ကို လျစ်လျူရှုခဲ့တာကွ
ကိုယ့် သှေးသား ချင်းတူတူကို ကွာ အငယ်အနှောင်းရဲ့ သားကို မှ ပိုရတယ် လို့"

"ဟေ့ကောင် ဒန်နီရယ် ငါ့ကို ကြိုက်သလို ပြောလို့ရတယ် ငါ့အမေကိုတော့ အငယ်အနှောင်းလို့ မခေါ်နဲ့"

လီယို သူ့ထက် အနည်းငယ်သာ အရပ်မြင့်သော ဒန်နီရယ် ၏ ကော်လံစ တစ်ဖက်ကို ကိုင်ပြီး ဆွဲထိုးလိုက်သည်။လီယို ထိုးလိုက်သော အားမှာ မနည်း သောကြောင့် ဒန်နီရယ်၏ မျက်နှာ တစ်ဖက်သို့် လည်ထွက်သွားပြီး နှုတ်ခမ်းဒေါင့်မှ သွေးများစီးကျလာသည်။

ဒန်နီရယ် စီးကျလာသော သွေးများကို သုတ်ပစ် လိုက်ပြီး လီယို ကို အမုန်းရိပ်သန်းနေသော မျက်လုံးဖြင့် ကြည့်ကာ

"မင်း လုပ်ရပ်အတွက် မင်း နောင်တရကိုရစေရမယ် လီယို"

ဒန်နီရယ် ထိုစကားကိုပြောပြီး လီယို ရှေ့မှာထွက်လာသော်လည်း လီယို က စောစောက နေရာမှာပင်...။
ဒန်နီရယ် အခန်းတံခါး ကို ဆွဲဖွင့်လိုက်ပြီး လီယို ရှိရာ အရပ်သို့ ပြန်လှည့်ကြည့်ပြီး

"ဟေ့ အလှလေး မင်း သောမတ်စ် ဆိုတဲ့ ဘဲကြီး ကိုကြွေနေတာမလား
Oh wait! နာမည်အရင်းက သောမတ်စ် ဂျက်ဖာဆန်
အော် ပြီးတော့ သူက The Mirror Bar မှာ အလုပ်လုပ်တာ ဟုတ်တယ်မလား
ချစ်ခြင်းမေတ္တာတွေ လုယူခံရတဲ့အခါ ဘယ်လိုခံစားရလဲ ဆိုတာ မင်းကို ငါသင်ပြပေးမယ် လီယို မက်စ်
အခုတော့ ငါပြန်ပြီ"

ဒန်နီရယ်၏ စကားအဆုံး လီယို ခြေများပင် မခိုင်ချင်ဖြစ်ကာ မတ်တပ်ရပ်ရာမှ ခွေကျသွားတော့သည်။ထို့အတူ မျက်ဝန်းအိမ်များမှပူနွေးသော အရည်များသည် လီယို ၏ ပါးပေါ်မှ တစ်ဆင့် ကြမ်းပြင်ပေါ်သို့ ကျဆင်းကုန်၏။မျက်ရည်များကိုလည်း လီယို မသုတ်မိ ကြမ်းပေါ်တွင် အရုပ်ကြိုးပျက်သာ ထိုင်ကျပြီး

I'm The Husband Of A Villain (ငါကဗီလိန်တစ်ယောက်ရဲ့ခင်ပွန်း)Where stories live. Discover now