25• Open your heart for me~

Start from the beginning
                                    

ကိုကိုကြီးနောက်ကို ဖြေးဖြေးလေးသွား ခြေဖျားလေးကိုထောက်ပြီး ကိုကိုကြီးမျက်လုံးနှစ်ဖက်ကို လက်နဲ့ပိတ်လိုက်တယ်။

"လာနောက်မနေနဲ့ အိုလီ မင်းမှန်း ကိုယ်သိတယ်''

ကိုကိုကြီးက သူမှန်းသိပြီး ပြောလာတော့ အိုလီလည်း မလွှဲသာမရှောင်သာ ကိုကိုကြီးဘေးမှာ ယှဉ်ရပ်လိုက်ရတယ်။

ကိုကိုကြီးမှာ မသိတာကိုမရှိဘူးပဲ။

"ကိုကိုကြီးက ကျွန်တော်မှန်း ဘယ်လိုလုပ်သိတာလဲ''

သူက beta တစ်ယောက်ဆိုတော့ alpha တွေ omega တွေလို ကိုယ်ပိုင် pheromones နံ့တစ်ခုမရှိတာမို့ ကိုကိုကြီး ဘာလို့သူမှန်းတန်းသိသလဲဆိုတာကို သိချင်စိတ်ဖြင့်မေးလိုက်မိတယ်။

"ရေမွေးနံ့ရလို့လေ''

ကိုကိုကြီးရဲ့အဖြေကြားမှ သူက ဥာဏ်တိမ်ရန်ကောဆိုပြီး ပြုံးမိတော့တယ်။ ပြီးတော့ သူရေမွေးနံ့ကို ကိုကိုကြီး မှတ်မိနေတယ်ဆိုတာ ကောင်းတဲ့လက္ခဏာပဲမို့ စိတ်ထဲ ကြည်နူးသွားမိတာလဲပါတယ်။

ကိုကိုကြီးစိတ်ထဲမှာ သူရှိနေတာ သေချာရဲ့သားနဲ့ ကိုကိုကြီးက ဘာဖြစ်လို့ လိမ်ညာချင်နေရတာလဲ မသိဘူး။

"ကိုကိုကြီးက ကျွန်တော့် ရေမွေးနံ့ကို မှတ်မိတယ်ပေါ့''

အိုလီ အဲ့လိုပြောလိုက်တော့ ကိုကိုကြီးက မျက်နှာ အမူအရာ နည်းနည်းပြောင်းသွားသလိုပဲ၊ သူ့ဘက်သူယက်ပြီး ပြောရမယ်ဆိုရင် အနည်းငယ်ရှက်သွားတဲ့ မျက်နှာမျိုးပေါ့။

ဒါပေမယ့် အောင်မြင်တဲ့စီးပွားရေးပညာရှင်မို့ ထင်တယ်၊ကိုကိုကြီးက သူ့မျက်နှာအမူအရာထိန်းတာ အရမ်းတော်တယ်။

"အမြဲတမ်းရနေကျ ရေမွေးနံ့မို့ မှတ်မိတာ ထူးဆန်းလို့လား''

"ထားပါတော့ ထားပါတော့ မထူးဆန်းဘူးပဲ ထားပါတော့ဗျာ''

ကိုကိုကြီးက အိုလီ့ကို တစ်ချက်သာ ငဲ့ကြည့်ပြီး သူ့လက်က ကုန်ခါနီး ဆေးလိပ်ကို အမှိုက်ပုံးထဲမှာ မီးသတ်လိုက်တယ်။

အဲ့ဒီနောက် ကိုကိုကြီးကသူ့ရဲ့ ဘောင်းဘီအိတ်ထဲက ဆေးလိပ်ဘူးကို ထုတ်ပြီး နောက်တစ်လိပ်သောက်ဖို့ ပြင်တယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now