အခန်း (၁၁) - အချပ်ပို/ အခန္း (၁၁) - အခ်ပ္ပို

Ξεκινήστε από την αρχή
                                    

ချောင်ယွီ ချက်ချင်းပင်လန့်သွားရပြီး သူ့အကြည့်တွေဟာရုတ်တရက်အံ့အားသင့်သွားပြီး သူ့ဖင်လေးကိုင်ကာပင့်မလိုက်ပြီး "ဟေး! မင်းဘာလုပ်နေတာတုန်း!"

ဖုန်းရှို့ သူ့ကိုအိပ်ရာပေါ်မှာဖိထားလိုက်ပြီးကိုင်လိုက်သည်။ "ပိတ်ရက်တွေမှာနားဦး။ လူကြီးကစားနည်းတွေ ငါမင်းကိုသင်ပေးပါရစေ"

ချောင်ယွီမျက်နှာတစ်ခုလုံးနီမြန်းလာရပြီး "မလုပ်နဲ့, အရမ်းကိုအရှက်မရှိဘူး"

ဖုန်းရှို့ရယ်လိုက်ပြီး ကောင်ငယ်လေးကိုသူ့အောက်မှာ နှစ်နာရိလောက်ဖိထားလိုက်တယ်။

နောက်ဆုံးမှာတေ့ ချောင်ယွီမောပန်းသွားပြီး ချွေးတွေဖြင့် ဖုန်းရှို့လက်ထဲမှာပွေ့ဖက်ခြင်းခံထားရလိုက်တော့သည်။

ဖုန်းရှို့ သူ့ကိုစောင်ဖြင့်ကာပေးလိုက်ပြီး လည်ပင်းပေါ်မှာချန်ထားခဲ့တဲ့အနီရောင်အမှတ်အသားလေးကိုပွတ်သပ်ရင်း ပျော်ရွှင်ကြည်နူးနေတာ့သည်။ သူသက်ပြင်းချလိုက်ပြီး "ငါမင်းကို ငါ့ရဲ့ကိုယ်ပိုင်လက်နဲ့ထိလိုက်တဲ့အချိန်တိုင်း စိတ်အသက်သာဆုံးပဲ။ ဒီတစ်ကြိမ်လေးပဲ, နောက်တစ်ခါကျရင် မင်းကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးတဲ့နောက်မှပဲ..."

ချောင်ယွီ မူးနောက်နောက်နဲ့ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ ပြီးတော့ ခေါင်းခါလိုက်သည်။ သူ့လက်တွေဖြင့် ဖုန်းရှို့လည်ပင်းကိုချိတ်ဆွဲလိုက်ပြီး စကားလုံးတစ်လုံးကိုရေရွတ်လိုက်သည်။ "ဖက်ပေး"

~END~
....


တကယ်ကိုပြီးဆုံးသွားခဲ့ပါပြီ။ တောက်လျှောက်ဖတ်ပေးလာကြတဲ့သူတွေကိုရော ၊ အခုမှဖတ်မယ့်သူတွေကိုရော အထူးပင်ကျေးဇူးတင်ရှိပါသည်။

11.01.2021 (Mon)
9:12 PM

•••••

Zawgyi

********နှစ်လကြာပြီးနောက်********

ခေါင်းလောင်းသံဟာ စာမေးပွဲပြီးပြီဆိုတာကိုညွှန်ပြနေ၏။

ဖုန်းရှို့ ချောင်ယွီလက်ထဲမှဘောပင်ကိုယူလိုက်ပြီး သူ့လက်တွေကိုဆုပ်ထွေးလိုက်သည်။ "နောက်တစ်ခါကျရင် ဘာသာတွေရဲ့အချိန်ဇယားပြောင်းလို့ရမလား? မင်း အဲ့အက်ဆေးတွေအားလုံးကိုရေးလိုက်ရင် ငါစိတ်ဖိစီးသလိုခံစားရတယ်ကွာ။ အဓိကအချက်လေးတွေပဲချရေးလိုက်လို့မရဘူးလား? အများကြီးတွေရေးနေဖို့လို,လို့လားကွာ"

ချစ်စရာအကောင်းဆုံးသောအရပ်ကွာခြားမှု (ဘာသာပြန်) ✔️Όπου ζουν οι ιστορίες. Ανακάλυψε τώρα