Part-1

12K 425 25
                                    

(Unicode)
ဝှီးးးးး

အိမ်လေးတစ်အိမ်ရှေ့ ပြိုင်ကားအနီတစ်စီး ပိတ်ရပ်လာကာ ကားထဲက ကားပိုင်ရှင်က အသားညိုညို ခပ်ချောချောလူငယ်တစ်ယောက်။

ဒီနိုင်ငံရဲ့အချမ်းသာဆုံးသူဌေးသားတစ်ယောက်က သာမာန်လောက်သာ ရှိတဲ့ အိမ်ရှေ့ကားထိုးရပ်ကာ~

ကျနော့်နာမည်က ရှောင်ကျန့် ! မသိတဲ့သူခပ်ရှားရှားပါ ။ လူတွေကြားမှာတော့ ဘဲညိုကြီးလို့‌ရေ
ပန်းစားတာပေါ့။
အင်းးပြောရမယ်ဆိုရင် အခု ကျနော်လူတစ်ယောက်ကို ပိုးနေတယ်ဗျ။
အဖြေမှမရသေးတာ ဒီလိုပဲ လိုက်ကြောင်ရတာပေါ့။

ကားနားက ထွက်မယ်အကြံ ကျနော်နဲ့မျက်နှာချင်းဆိုင် အရှေ့မှာလည်း ကားတစ်စီးထိုးရပ်လာသည်။ အယ်!! ဟိုဂျပုပါလား! ။
မပြောချင်ဘူး ! စစ်ကျွေး ၊အရပ်ကြည့်တော့ ပင်မမှီ‌ေထာင့်မမှီ နဲ့semeရုပ်ဖမ်းချင်နေတယ်။

အဟက်!ငါလေးကို ကြည့်စမ်း အရပ်ရပ်ရှည်ရှည် ခန့်ချောကြီးက သာ ငါ့ပေါက်ဆီလေးရဲ့semeဖြစ်သင့်တာ။

ကားမှန်ကို ကြည့်ကာ ဆံပင်သက်တင်ရင်း အတွေး‌တွေကတော့ ပေါက်ဆီတစ်လုံးကို ပယ်ပယ်နယ်နယ်စားနေခြင်းပင်။ ~

-----

"အမယ်လေး~ ငါကြက်သီး‌တွေ ထနေပါလား
မဖြစ်ဘူး ဒီနေ့ ဘုရားရှိခိုးသွားမှ ဖြစ်မယ် "

Uniသွားဖို့ အဝတ်အစားလဲရင်းနဲ့ပင် ကြက်သီးတဖြန်းဖြန်းထလာသည်။ 
မျက်မှန်ဝိုင်းတက်ကာ ဘုရားစင်ရှိရာသို့ အပြေးအလွှားပင်။

" ဟဲ့ သား..သား အော် ဖြေးဖြေးလာလေ ချော်လဲနေမှဖြင့် "

အော် ဒီသားနဲ့ခက်ပါ့။

" မား ..ဒီလ သားကံဇာတာတွေနိမ့်နေတာလားဟင် "

" မနိမ့်ပါဘူးသားရဲ့ မားဟိုနေ့ကတင် သားအတွက် ယယ်တရာ သွားချေထားပါတယ် "

" ဟုတ်မား သားဘုရားရှိခိုးပီးမှ ပဲသွားတော့မယ် "

" မုန့်စားသွားနော် မားmarketသွားတော့မယ် "

"ဟုတ်မား "

အခုဆိုရင်တော့ဘုရားစင်ရှေ့မှာ ဘုရားစာပေါင်းစုံဆိုနေရင်း ရှိန်းခနဲ့ ရှိန်းခနဲ့ဖြစ်သွားတဲ့ ကိုယ်က လျော့မသွားချေ။

ပေါက်ဆီလုံးလေးရဲ့ပိုင်ရှင်ဘဲညိုကြီး 😁❤️💚 [ Completed ]Où les histoires vivent. Découvrez maintenant