"........"

"မင်းစကားကို တမင်နားမထောင်တာ
မဟုတ်ပါဘူး စိတ်မဆိုးပါနဲ့လို့....နော်"

အဟွတ်! အဟွတ်!

ဒီတစ်ခါ သီးတာ မျန်မျန်ဖြစ်သည်။

ခုနကတည်းက သူကြည့်နေတာ အကုန်လုံးကို တစ်ယောက်ပြီး တစ်ယောက် ဂျယ်လီနင်နေကြတာ။
ဒေါက်တာ ရှောင်းကျန့်ရဲ့ ချွဲတာကို ကြည့်ပြီး သီးသွားခဲ့တာ။ အဲ့လိုပုံကို တစ်ခါမှမမြင်ဘူးတဲ့အတွက်ဖြစ်သည်။

မျန်မျန်မပြောနဲ့ အစ်ကိုဖြစ်တဲ့ ကျိုးချန်တောင် မမြင်ဖူးဘူး။ မိဘကိုတောင် အဲ့လိုမချွဲဘူး
ဘာတဲ့ ငါကချွဲတတ်ရအောင် မိန်းကလေးလား ဆိုပြီးတော့ ပြောနေကြ အခုတော့ ငါမျက်စိများမှားသလား။

ရိပေါ်မျက်နှာ နီလာတာကိုတော့ ဘယ်သူမှသတိမထားမိကြ။ အကုန်လုံးက ရှောင်းကျန့် အပြုအမူမှာ ဆွံ့အ...

"ကျွန်တော်က သူများကို အဲ့လိုပြောနေကြမရှိတော့... မပြောတာပါ စိတ်မဆိုးပါဘူး..
ကျန့်ကော လက်ရာတော်တော်ကောင်းတယ်"

"ငါက စိတ်ဆိုးနေတယ်ထင်တာ ကြိုက်တယ်ဆိုပြီးရော"

*စိတ်မဆိုးဘဲ နေမလား အဲ့လိုချစ်ဖို့‌ေကာင်း
‌ေအာင်ချွဲမှတော့ ဘယ်လိုခံနိုင်မလဲ*

ဒါကတော့ ရိပေါ်စိတ်ထဲမှာ ပြောမိခြင်းဖြစ်သည်။
သူကိုယ်တိုင်လည်း သတိထားမိပါသည်။
ကျန့်ကောနဲ့ ပတ်သက်ရင် အထိမခံဖြစ်နေတယ်ဆိုတာ။ အရမ်းကို အိုဗာဖြစ်နေတယ်ဆိုတာ။ ဒါပေမဲ့ သူ့မထိန်းနိုင်ဘူး တစ်ခုခုဆို စိတ်ပူတတ်လာတာ ဂရုစိုက်တတ်လာတာတွေ သူ့ဆီမှာမဖြစ်တာကြာပြီ။ သွေးအေးအေးနဲ့ နေလာခဲ့တဲ့ အချိန်တွေ အကုန်အခုနဲ့ တစ်ခြားစီ။

ရုတ်တရက် ဝမ်နင်ရောက်လာလေသည်။

"ဟင် ကျွန်တော့်ကို ဖယ်ပြီး အကုန်လုံးရှိနေပါလား"

*ဒီ အသံ မဟုတ်မှ...*

စစ်ကျွေး လှည့်ကြည့်လိုက်တော့ ဟိုနေ့က သူ့နောက်လိုက်တဲ့လူ သူက...

"ဝမ်နင် မဟုတ်ရပါဘူးဟယ် ငါတို့ထမင်းစားချိန်မို့လို့ ရှောင်းကျန့်က ထမင်းချိုင့်လာပို့တာလေ သူ့လက်ရာကောင်းတာ နင်သိရဲ့သားနဲ့"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now