18• Run Raymus Run!

Start from the beginning
                                    

Alpha pheromones က ဘယ်လောက်အားကောင်းလဲဆိုတာ အဲဒီ Alpha က အိပ်ရာပေါ်ကကိစ္စမှာ ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာရဲ့ အဓိကသော့ချက်ဖြစ်တာမို့ Alpha တွေက ဒီလိုကိစ္စမှာ သူပိုသာလား၊ ငါပိုသာလားလို့ ပြိုင်ဆိုင်ချင်ကြတယ်။

သို့ပေမယ့် Alex ကတော့ ရည်းစားသနာ ရှာဖို့လည်း စိတ်မဝင်စားတာမို့ ဒါတွေက သူ့အတွက် အရေးကြီးတယ်လို့ မခံယူထားဘူး။

သိပ်မပြည့်စုံတဲ့ မိသားစု အခြေအနေကြောင့် တက္ကသိုလ် တစ်ခုကနေ ဘွဲ့ရပြီး အလုပ်မြန်မြန်လုပ်နိုင်ဖို့က သူ့အတွက် အရေးကြီးဆုံးပဲ။

သူမပြောနဲ့ သူ့ထက်အသက်ငါးနှစ်ပိုကြီးတဲ့ သူ့အကိုကြီးတောင်မှ အခုချိန်ထိ ရည်းစားထားတာမတွေ့ဖူးသေးဘူး။

သူတို့ ညီအစ်ကိုမောင်နှမတွေရဲ့ဆန္ဒ က အဖေနဲ့အမေကို လုပ်ကျွေးပြီး ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံထားနိုင်ဖို့ပဲ။

အဲ့ဒီလိုနဲ့ပဲ Alexက ဘယ်သူ့ကိုမှလည်း သွားမကြိုက်သလို ကိုယ့်ကိုလာကြိုက်တဲ့ လူတွေကိုလည်း အငြင်းစကားပဲဆိုပြီး နေလာခဲ့တာ အသက်၂၀ပြည့်တော့မယ်။

တချို့ဆို သူ့ကို alpha လား beta လားတောင် မခွဲတတ်၊ အဲဒီအထဲမှာ ဟို Raymus ဆိုတဲ့ကောင်အဆိုးဆုံးပေါ့။

ဒီတက္ကသိုလ်ကို ပြောင်းလာပြီးတော့မှပဲ သူ့ကိုကပြောင်းကပြန် ဖြစ်စေတဲ့ Raymus နဲ့ စတင်ပြီး ဆုံတွေ့ရတော့တယ်။

Alex က အရင်တုန်းကတည်းက သူငယ်ချင်းအများကြီး ထားလေ့မရှိဘူး။

အထူးသဖြင့် အခုသူရောက်နေတဲ့ Tမြို့တော်လိုနေရာမျိုးမှာ သူက အပေါင်းအသင်းသူငယ်ချင်း ပိုပြီးတော့ မထားချင်ဘူး။

ဘာဖြစ်လို့လဲဆိုတော့ အခုသူတို့တက်နေတဲ့ D Public University ကကျောင်းသားအများစုက လူချမ်းသာတွေများတယ်။

Alexကကျတော့ Scholarနဲ့ ကျောင်းတက်နေရတဲ့သူ။ လူချမ်းသာတွေ သုံးသလိုမျိုးလဲ သူမသုံးစွဲနိုင်ဘူး။

ချမ်းသာတဲ့သူငယ်ချင်းတွေနဲ့ ပေါင်းသင်းတဲ့အခါမှ သူတို့သုံးသလို ကိုယ်ပါလိုက်သုံးချင်လာလိမ့်မယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now