A Guide to Omegaverse

Start from the beginning
                                    

Male Omega ရော Female Omega ရောက ကိုယ်ဝန်ဆောင်နိုင်ပါတယ်။ သူတို့မှာ heat cycle ဆိုတာရှိပြီး စာရေးသူဖန်တီးမှုအရ သူတို့ heat ဝင်တဲ့အချိန်က ၁ ပတ်ဝန်းကျင်လောက်ကြာမြင့်တတ်တယ်။ သူတို့က heat ဝင်တဲ့အချိန်မှာဆို သူတို့ရဲ့ pheromones တွေကို မထိန်းချုပ်နိုင်ပါဘူး။

Mate (တွဲဖက်၊ ရည်းစား၊ အိမ်ထောင်ဖက်) ရှိတဲ့သူတွေဆိုရင်တော့ သူတို့ရဲ့လည်ပင်း(ဂုတ်) မှာ သူတို့ရဲ့ Alpha က အမှတ်အသား (mark) ပေးထားရင်တော့ heat cycle ကို ထိန်းချုပ်နိုင်သွားကြပါတယ်။ ဒါပေမယ့် heat cycle အတွင်းမှာ သူတို့က လိင်ဆက်ဆံချင်က တားမရဆီးမရဖြစ်တတ်တာမို့ အဲဒီလိုအချိန်တွေဆို သူတို့ရဲ့ Alpha နဲ့ အိပ်ရာပေါ်မှာ အချိန်ကုန်ဆုံးကြတာများပါတယ်။

အဲ mate မရှိတဲ့ Omega တွေကတော့ heat cycle ကိုထိန်းချုပ်နိုင်ခြင်းမရှိကြပါဘူး။

Omega တွေက heat cycle အတွင်းမှာ အကာအကွယ်မဲ့လိင်ဆက်ဆံမိရင် ကိုယ်ဝန်ရနိုင်ဖို့က သေချာသလောက်ရှိပြီး သူတို့ရဲ့ omega pheromones တွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် Alpha တွေကလဲ အဲဒီရနံ့ရတဲ့နောက်ကိုလိုက်ပြီး သူတို့နဲ့ လိင်ဆက်ဆံဖို့ ကြိုးစားတတ်ကြပါတယ်။

အဲဒါကြောင့် အဲဒီလိုအချိန်ဆိုရင် သူတို့ရဲ့ pheromones ရနံ့ထုတ်လွှတ်မှုကို မထိန်းနိုင်ကြတဲ့အတွက် အိမ်ထဲက အိမ်ပြင်မထွက်ပဲနေရင်နေ၊ မနေရင် ထိန်းချုပ်ဆေးဆိုတာကို heat cycle ရက်မတိုင်ခင်ကြိုပြီးသောက်ထားရပါတယ်။ ဒါပေမယ့် အဲဒီ ထိန်းချုပ်ဆေးတွေက side effect ရှိပြီး မတည့်တဲ့သူတွေအတွက်ဆိုရင် အန္တာရယ်များတာမို့ omega အချို့က အရွယ်ရောက်ပြီဆို mate တစ်ယောက်ရှိချင်ကြတာပါ။

နောက်ဆုံးကတော့ Beta !

Beta တွေကတော့ ကိုယ်တို့လို သာမာန်လူတွေလိုပါပဲ။ အချင်းချင်း မိတ်လိုက်လို့ရတယ် တွဲလို့ရတယ်။ Alpha တွေ Omega တွေနဲ့လည်း ချစ်ကြိုက်လို့တွဲမယ်ဆိုရင် တွဲလို့ရပေမယ့် Alpha တို့ Omega တို့ရဲ့ pheromones ရနံ့တွေကတော့ သူတို့အပေါ် သက်ရောက်မှုမရှိပါဘူး။

သဘောကတော့ သူတို့က အဲဒီရနံ့တွေကို ရနံ့တစ်ခုအနေနဲ့ရပေမယ့် အဲဒီရနံ့တွေက သူတို့ရဲ့ လိင်ဆက်ဆံချင်စိတ်ကို နှိုးဆွတာမျိုးမဖြစ်နိုင်ပါဘူး။ အဲဒီတော့ beta အတော်များများက သူတို့အချင်းချင်းပဲ တွဲကြတာများပါတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now