"ကိုယ္တို႔အရြယ္ေရာက္လာတဲ့အခ်ိန္က်ရင္ လက္ထပ္ၾကမလား ငဲ"
ခ်ယ္ရီပင္ေအာက္၌၈ႏွစ္အရြယ္ေကာင္ငယ္ေလးႏွင့္ ၃ႏွစ္အရြယ္ကေလးမေလးတို႔စကားေျပာေနၾကသည္
ေကာင္ငယ္ေလးက ကတိေတာင္းခံေနသလိုသေဘာေဆာင္ေန၏
'ကိုကို့ကို လက္ထပ္မယ္မလား'
'လက္ထပ္မယ္လို႔ေျပာရင္ ကိုကိုကျပန္လာမွာလား '
'ဒါေပါ့ ကိုကိုကျပန္လာၿပီး ငဲနဲ႔အတူတူေနမွာေပါ့ '
ကေလးမေလးကခဏစဥ္းစားလိုက္ၿပီး
'အင္း ဒါဆိုလက္ထပ္ၾကမယ္ '
ေကာင္ငယ္ေလးမွျပံဳးရင္း 'ဒါဆို ၁၅ႏွစ္ၾကာရင္ကိုကိုငဲကိုျပန္လာ႐ွာမယ္ေနာ္ '
'အင္း '
'ငဲေမေမစကားလည္းနားေထာင္ေနာ္ ၿပီးေတာ့စာလည္းႀကိဳးစား ကိုကိုသြားေတာ့မယ္ေနာ္ '
(ငဲ means ကေလး )
၁၃ႏွစ္ၾကာၿပီးေနာက္
'အိမ့္ျမတ္ေရ ထေတာ့ေဟ့ ေက်ာင္းခ်ိန္မမွီပဲေနမယ္ေနာ္ '
ေအာက္ထပ္မွမိခင္၏အသံကိုလ်စ္လ်ဴ႐ႈ၍ဆက္အိပ္ေနေလသည္
အစ္ကိုျဖစ္သူမွညီမငယ္ေလး၏အခန္းျပင္ဖက္မွေန၍
'ငဲ ငဲ ညီမေလးေရ ထေတာ့ ကိုကိုေဆးရံုသြားရင္းငဲကိုပါေက်ာင္းပို႔ခဲ့ေပးမလို့ထေတာ့ေနာ္ '
'ဟာကိုကိုကလည္း အေစာႀကီး႐ွိေသးတာကို ၿပီးေတာ့ ဒီေန႔အတန္းခ်ိန္က ၉နာရီမွ႐ွိတာ '
'ဒါဆိုကိုယ့္ဘာသာကိုယ္လမ္းေလ်ွာက္သြားမလား လမ္းေလ်ွာက္သြားမယ္ဆိုရင္ ကိုကိုသြားႏွင့္လိုက္ေတာ့မယ္ေနာ္ '
'အင္း ငဲကဆိုင္ကယ္နဲ႔သြားလိုက္မယ္ဒီေန႔ ၿပီးေတာ့ဆက္အိပ္လိုက္ဦးမယ္ တာတာ့ကိုကို'
'ဆိုင္ကယ္က မေန႔ကဦးေလးျပန္ေတာ့ယူသြားတယ္'
ထိုအခါမွ အခန္းထဲကအိပ္ခ်င္မူးတူးနဲ႔ထြက္လာၿပီး
'သူ႔ကားကေရာဘယ္ေရာက္သြားလို႔ သူမ်ားဆိုင္ကယ္ကိုဘာလို႔ယူျပန္သြားတာလဲတဲ့'
'သူ႔ကားကျပင္ထားတာတဲ့ ကဲပါမ်က္ႏွာသစ္ ျပင္ဆင္ၿပီးဆင္းလာလိုက္ေနာ္ ကိုကိုေအာက္ထပ္မွာေစာင့္ေနမယ္ ဟုတ္ၿပီလား '
ထိုအခါ မ်က္ႏွာဆူပုတ္ပုတ္ျဖင့္အခန္းထဲဝင္သြားသည္
Unicode
ကြမလား ငဲ"
ချယ်ရီပင်အောက်၌၈နှစ်အရွယ်ကောင်ငယ်လေးနှင့် ၃နှစ်အရွယ်ကလေးမလေးတို့စကားပြောနေကြသည်
ကောင်ငယ်လေးက ကတိတောင်းခံနေသလိုသဘောဆောင်နေ၏
'ကိုကို့ကို လက်ထပ်မယ်မလား'
'လက်ထပ်မယ်လို့ပြောရင် ကိုကိုကပြန်လာမှာလား '
'ဒါပေါ့ ကိုကိုကပြန်လာပြီး ငဲနဲ့အတူတူနေမှာပေါ့ '
ကလေးမလေးကခဏစဉ်းစားလိုက်ပြီး
'အင်း ဒါဆိုလက်ထပ်ကြမယ် '
ကောင်ငယ်လေးမှပြုံးရင်း 'ဒါဆို ၁၅နှစ်ကြာရင်ကိုကိုငဲကိုပြန်လာရှာမယ်နော် '
'အင်း '
'ငဲမေမေစကားလည်းနားထောင်နော် ပြီးတော့စာလည်းကြိုးစား ကိုကိုသွားတော့မယ်နော် '
(ငဲ means ကလေး )
၁၃နှစ်ကြာပြီးနောက်
'အိမ့်မြတ်ရေ ထတော့ဟေ့ ကျောင်းချိန်မမှီပဲနေမယ်နော် '
အောက်ထပ်မှမိခင်၏အသံကိုလျစ်လျူရှု၍ဆက်အိပ်နေလေသည်
အစ်ကိုဖြစ်သူမှညီမငယ်လေး၏အခန်းပြင်ဖက်မှနေ၍
'ငဲ ငဲ ညီမလေးရေ ထတော့ ကိုကိုဆေးရုံသွားရင်းငဲကိုပါကျောင်းပို့ခဲ့ပေးမလို့ထတော့နော် '
'ဟာကိုကိုကလည်း အစောကြီးရှိသေးတာကို ပြီးတော့ ဒီနေ့အတန်းချိန်က ၉နာရီမှရှိတာ '
'ဒါဆိုကိုယ့်ဘာသာကိုယ်လမ်းလျှောက်သွားမလား လမ်းလျှောက်သွားမယ်ဆိုရင် ကိုကိုသွားနှင့်လိုက်တော့မယ်နော် '
'အင်း ငဲကဆိုင်ကယ်နဲ့သွားလိုက်မယ်ဒီနေ့ ပြီးတော့ဆက်အိပ်လိုက်ဦးမယ် တာတာ့ကိုကို'
'ဆိုင်ကယ်က မနေ့ကဦးလေးပြန်တော့ယူသွားတယ်'
ထိုအခါမှ အခန်းထဲကအိပ်ချင်မူးတူးနဲ့ထွက်လာပြီး
'သူ့ကားကရောဘယ်ရောက်သွားလို့ သူများဆိုင်ကယ်ကိုဘာလို့ယူပြန်သွားတာလဲတဲ့'
'သူ့ကားကပြင်ထားတာတဲ့ ကဲပါမျက်နှာသစ် ပြင်ဆင်ပြီးဆင်းလာလိုက်နော် ကိုကိုအောက်ထပ်မှာစောင့်နေမယ် ဟုတ်ပြီလား '
ထိုအခါ မျက်နှာဆူပုတ်ပုတ်ဖြင့်အခန်းထဲဝင်သွားသည်
