Supernatural love story (Part-3)

Start from the beginning
                                    

Unicode

Wang Pa"Hello"
XZ"Yibo သတိရလာပြီ"
Wang Pa"ဘယ်လို?သားငယ်သတိရလာပြီလား?"
XZ"ဟုတ် ဒါပေမယ့်...."
XiaoZhanပြောမလို့လုပ်လိုက်ပေမယ့်
Wang Ma"Hello သားလေး တကယ်ပဲ တကယ်ပဲ သားငယ်သတိရလာပြီလား?"
XZ"ဟုတ် အန်တီ"
Wang Ma"ဒါဆို အခုချက်ချင်း အန်တီတို့လာခဲ့မယ်နော်"
XZ"ဟုတ်"
XiaoZhanလဲ ရောက်လာမှပဲအကုန်ပြောပြဖို့လုပ်လိုက်တယ် ပြီးတော့အခန်းထဲကိုပြန်ဝင်လိုက်ပြီး
XZ"Doctor,Yiboအခြေအနေကဘယ်လိုလဲဟင်"
Dr."လူနာက ခေါင်းကိုထိထားတာကြောင့် မှတ်ဉာဏ်တေပျောက်ဆုံးနေတယ် ပြီးတော့ထူးဆန်းတဲ့စကားတေလဲပြောနေတယ် ကျွန်တော်တို့ CT scanရလဒ်ကတော့ လူနာက ခေါင်းကိုထိထားပေမယ့် အရမ်းမကြီးမားသလို ဦးနှောက်နဲ့ သွေးကြောတေကိုထိခိုက်ထားတာမျိုးလဲမရှိဘူး ဒါကြောင့်နောက်ထပ်သေချာစစ်ဆေးကြည့်ရပါမယ်"
XZ"ဟုတ်ကဲ့"
Drလဲ ရှင်းပြစရာရှိတာတေရှင်းပြပြီး ခနကြာတော့နောက်ထပ်စစ်ဆေးမှုတေပြုလုပ်နေတယ် Wang Maတို့လည်းရောက်လာကြတယ်
Wang Ma"Ah Zhan သားငယ်အခြေအနေဘယ်လိုလဲဟင်?"
XZ"Dr.တေစစ်ဆေးနေတုန်းပဲ သားလဲသေချာမသိဘူး ဒါပေမယ့် Yiboက ထူးဆန်းတဲ့စကားတေပြောနေတယ် ဘာမှလဲမမှတ်မိဘူး"
Wang Ma"ဘယ်လို?"
ခနနေတော့ ဆရာဝန်က Wang Maတို့ကို စကားပြောဖို့သူ့ရုံးခန်းကိုလာဖို့ပြောတယ်
Wang Pa"သားလေး ပါးတို့ Drနဲ့စကားသွားပြောလိုက်ဦးမယ် Yiboလေးကိုသားနဲ့ထားခဲ့မယ်နော်"
XZ"ဟုတ်"
Wang Paတို့သွားတော့ သူလဲ Yiboကိုတောင်းပန်ဖို့ ပြင်လိုက်တယ်
XZ"Yibo"
လန်ကျန့် သူ့ကိုခေါ်တာမှန်းသိပေမယ့် သူ့နာမည်မဟုတ်တာကြောင့် ပြန်မထူး
XZ"Yibo..... Wang Yibo!!!"
အသံပြဲနဲ့အော်နေတဲ့ကောင်လေးကြောင့် သူလှည့်ကြည့်လိုက်တယ်
XZ"အော်ရတာ အသံတောင်ဝင်တယ်"
YB"လန်ကျန့် အက်လိုခေါ်"
XZ"ဟမ်"
YB"မင်းခေါ်နေတဲ့ Yiboဆိုတဲ့လူကအခု ဒီမှာမရှိဘူး လန်ကျန့်ဆိုတဲ့ကိုယ်ပဲရှိတယ်"
XZ"မင်းဘာတေပြောနေတာလဲ?"
XZ pov"သူကအခု သူ့ကိုယ်သူ လန်ကျန့်လို့ထင်နေတာလား?ငါ့ကိုပဲအရူးလုပ်နေတာလား?"
XZ"လန်ကျန့်?"
YB"omm"
XZ pov"ငါ့ကိုစကားမပြောချင်လို့များဟန်ဆောင်နေတာလား ဆရာဝန်တေတောင်မသေမချာဖြစ်နေတဲ့ပုံကြည့်ရတာ တကယ်မဟုတ်ပဲဟန်ဆောင်နေလို့များလား?"
XZ"ဒါနဲ့ Yibo"
YB"......"
XZ"မင်းလေ ဆက်ပြီးရူးချင်ယောင်မဆောင်ပါနဲ့ ငါ့ကိုမုန်းလို့စကားမပြောချင်ရင်တောင် မင်းမိဘတေကမင်းကိုအရမ်းစိတ်ပူနေတာ ဒီလိုမျိုးကြီးဟန်ဆောင်နေဖို့မလိုပါဘူး ငါသွားတော့မှာပါ"
လန်ကျန့် pov"မင်းဘာတေပြောနေတာလဲ?"
XZ pov"မင်းငါ့ကိုစကားမပြောချင်လို့အခုလိုတေလုပ်နေတာများလား?စဉ်းစားကြည့်ရင် အက်တာတစ်ခုပဲရှိတော့တယ် "မင်းဟန်ဆောင်နေတာ"ဆိုတဲ့အဖြေအပြင်မထွက်လာဘူး မင်းငါ့ကိုမုန်းမယ်ဆိုလဲ မုန်းသင့်ပါတယ်လေ"
XZ"ငါလေ ငါတောင်းပန်ပါတယ်"
‌မတ်တပ်ရပ်နေရာကဒူးထောက်ချလိုက်တဲ့ကောင်လေးကြောင့်လန်ကျန့်တောင် ‌ကြောင်သွားတယ်
XZ"ဒ‌ီလိုဖြစ်လာဖို့ ငါ့မရည်ရွယ်ခဲ့ဘူးဆိုတာတော့သိထားပေးပါ ငါ့ကိုခ‌ွင့်လွှတ်ဖို့လဲ မတောင်းဆိုပါဘူး ဒါပေမယ့် မင်းမိဘတေကအရမ်းတေစိတ်ပူနေတယ် ဒါကြောင့်မင်းဟန်ဆောင်နေတာဆိုရင် ရပ်လိုက်ပါတော့"
လန်ကျန့် pov"မဟုတ်ဘူး မငိုပါနဲ့တော့ ကိုယ်တကယ်မသိဘူး Yiboဆိုတဲ့သူကို ဘယ်လိုပြန်ခေါ်ရမလဲကိုယ်တကယ်မသိဘူး မင်းငိုနေတာကို ကိုယ်မကြည့်ရက်ဘူး မင်းမငိုအောင်ဘယ်လိုလုပ်ပေးရမလဲ ကိုယ်တစ်ခါမှမသိတဲ့ Yiboဆိုတဲ့သူလို ဟန်ဆောင်ပေးရမှာလား"
ပြောချင်တာပြောပြီးပြေးထွက်သွားတဲ့ကောင်လေးနောက်လိုက်ချင်ပေမယ့်ခြေထောက်တေကခွင့်မပြု
အက်ဒီ့ကောင်လေးမျက်ရည်တေကိုမြင်ရတာနဲ့သူ့ရဲ့နှလုံးသားကတဆစ်ဆစ်နာကျင်ရတယ် ဘာလို့မှန်းမသိပေမယ့် ကောင်လေးရဲ့မျက်ရည်တေကိုမမြင်ချင်ဘူး သူ့ကြောင့်ငိုရတာမျိုးကိုပိုပြီးမဖြစ်စေချင်ဘူး
ခနနေတော့ Wang Yiboဆိုတဲ့လူရဲ့ အဖေနဲ့အမေရောက်လာတယ်
Wang Ma"Yiboသားလေး မားတို့ကိုတကယ်ပဲမမှတ်မိတာလားဟင်"
Wang Pa"ကဲပါ သားကနေကောင်းသေးတာလဲမဟုတ်ဘူး နားခိုင်းလိုက်ပါ"
Wang Ma"သားလေး နားလိုက်ဦးနော် မားတို့ဆေးရုံဆင်းဖို့လုပ်လိုက်ဦးမယ်"
Wang Maတစ်ယောက်သူ့ရဲ့မျက်ရည်တေကိုသုတ်ပြီး အတတ်နိုင်ဆုံးပြုံးပြပြီး အခန်းထဲကထွက်လာခဲ့တယ်
လန်ကျန့် pov"မယ်တော့်ကိုသတိရလိုက်တာ အခုလောက်ဆို မယ်တော်ဘယ်လိုနေမလဲမသိဘူး"
-------------------------------------------------
Xiao Ma"Ah Zhanဘာဖြစ်နေတာလဲ သား"
Xiao Maတစ်ယောက်ထမင်းစားနေရင်း သက်ပြင်းတေခနခနချလိုက် ထမင်းတေကိုမစားပဲချေလိုက်လုပ်နေတဲ့ XiaoZhanကိုမေးလိုက်ခြင်း
XZ"ဘာမှမဖြစ်ပါဘူး မား"
Xiao Ma"ဘာမှမဖြစ်ရင်လဲစားလေ"
XZ"သားဗိုက်မဆာလို့ မစားတော့ဘူးမား စာသွားကျက်လိုက်ဦးမယ်"
Xiao Ma"အင်း ဒါဆိုလဲ ပြီးမှ မား သားစားဖို့တစ်ခုခုလုပ်ပေးမယ်"
XZ"ဟုတ်"
XiaoZhanလှေကားပေါ်တက်မယ်အလုပ် ကြားလိုက်ရတဲ့ကားသံ
Xiao Ma"ဘယ်သူလာတာလဲမသိဘူး"
XZ"သားသွားကြည့်လိုက်မယ်"
XiaoZhan အိမ်တံခါးဖွင့်လိုက်တော့ တွေ့လိုက်ရတာက....
XZ"ကျဲ......."
Xuan Lu"Ah Zhan ဘာတေကြောင်ကြည့်နေတာလဲ?"
XZ"ကျဲ တကယ်ပဲ ကျဲပြန်လာတာလား"
Xuan Lu"တကယ်ပေါ့"
XZ"ကျဲ........."
သူ့အမကိုပြေးဖက်တဲ့XiaoZhanရယ်ပါ
Xuan Lu"အိုက်ယား ချွဲစိန်လေး"
XZ"ကျဲကိုလွမ်းနေတာ"
Xuan Lu"ချွဲစိန်လေးကျန့်ကျန့်ကိုလဲ ကျဲကလွမ်းနေတာပါနော် မျက်နှာလေးကြည့်ပါရစေဦး အိုက်ယား ချောလာလိုက်တာ ငါ့မောင်လေးက"
XZ"ကျဲကမြှောက်နေပြန်ပြီ ကျဲလဲ လှနေတာကြည့်ဦး မင်းသမီးရှုံးတော့မယ်"
Xuan Lu"ဟုတ်ပါပြီ ဟုတ်ပါပြီ လာ မားတို့ဆီသွားရအောင်"
XZ"ဟုတ်"
___________________________________
နောက်ကျသွားလို့ တောင်းပန်ပါတယ် idea မထွက်လို့ပါ
ဒါဒါတေအားလုံးကိုချစ်တယ်နော်

Supernatural love story(Z+U)Where stories live. Discover now