Chapter 15 :အကိုကြီး

Start from the beginning
                                    

ကျုံးကျာပင်းက ဘာမှပြန်မဖြေဘဲငြိမ်နေတယ်။

ဒီအခြေနေက နဲနဲတော့ရှက်ဖို့ကောင်းတယ်။
Groupရဲ့ အထွေထွေ ဥက္ကဌတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်သူ့ရဲ့ ရသစုံရှိုးကိုကြည့်ဖို့ အချိန်ရှိမှာလဲ..
ချူးချင်ကလည်း အဲဒါကို ဟာသအနေနဲ့ပဲ ပြောလိုက်တာ။
သူမထင်ထားတာက ကျုံးအကိုကြီးက သူ့ရဲ့ဟာသကိုတောင် မသိ‌လောက်အောင် တည်ကြည်လေးနက်နေတာပဲ။
ဒါပေမယ့် အဲဒါက ချုးချင်ကို မရပ်တန့်နိုင်ပါဘူး၊
ဘယ်သူမှ သူ့ကို အရေးမလုပ်ရင်တောင် သူကသုံးရက်သုံးညလောက်ထိ တစ်ယောက်တည်း ဟာသထုတ်နိုင်သေးတယ်။

''အရင်က ကျွန်တော် မစ္စတာကျုံးကို အဝေးကနေပဲ မြင်ဖူးခဲ့တာ, ဒီတစ်ခေါက်တော့ ကျွန်တော်အကိုတို့ အိမ်ထဲကျူးကျော်ခဲ့တာကြောင့် ကံကောင်းစွာနဲ့ပဲ စကားပြောခွင့်ရခဲ့တာ,မနေ့က ကျွန်တော် stationကိုသွားတုန်းက ဥက္ကဌနဲ့ တွေ့ခွင့်ရခဲ့တာကို တကယ် ပတ်ကြွားချင်နေခဲ့တာ ဒါပေမယ့် ကျွန်တော်အဲ့လိုလုပ်မရလို့ ကိုယ်ကိုယ်ကို ပြန်ထိန်းခဲ့ရတာပေါ့"
ချူးချင်က အပြုံးလေးနဲ့ပြောတယ်။
သူပြုံးလိုက်တိုင်း ပါးချိုင့်လေးနှစ်ခုကပေါ်လာရော၊
ယောကျ်ားလေးမျက်နှာပေါ်မှာ ပါးချိုင့်ရှိတာက မိန်းမဆန်စေတယ်ဆိုပေမယ့် ချူးချင်ရဲ့မျက်နှာပေါ်ကျတော့ မမျှော်လင့်စွာပဲ ကြည့်ကောင်းပြီး ချစ်ဖို့ကောင်းနေတယ်။

ကျုံးကျာပင်းက အနည်းငယ်ပြုံးလိုက်ပြီး တစ်သျှူးစိုကိုယူကာ သူ့ရဲ့ လက်ချောင်းထိပ်တွေကိုသုပ်လိုက်တယ်။
သူအခွံခွာထားတဲ့ အသား(ကျောက်ပုစွန်အသား) ပန်းကန်ကိုတော့ သူ့ညီရှေ့တွန်းပေးလိုက်တယ်၊
တစ်ချိန်တည်းမှာပဲ ချူးချင်ကလည်း အခွံခွာပြီးသားပုစွန်တွေကို ကျုံးယိပင်း ပန်းကန်ထဲထည့်ပေးလာတယ်၊
ပန်းကန်နဲ့ လက်နဲ့က လေထဲမှာပဲ ခေါင်းချင်းဆိုင်သွားတော့တယ်။

ကျုံးယိပင်းကတော့ အခွံမခွာရသေးတဲ့ ခြေထောက်ကို ကိုင်ရင်းပဲ ပါးစပ်ထဲမှာကိုက်နေတုန်း ၊
သူ ငုံ့ကြည့်လိုက်တော့ သူ့ရှေ့မှာချထားတဲ့ ပုစွန်အသားပန်းကန်နှစ်ခု။
"........."

ချူးချင်ရဲ့ အသားက လက်နဲ့ခွာထားပြီး ကျုံးယိပင်းပန်းကန်ထဲကို တိုက်ရိုက်ထည့်ထားတဲ့ အသားအပိုင်းအစလေးတွေ၊
နဲနဲရှုပ်ပွနေပြီး သပ်သပ်ရပ်ရပ်မရှိလှပေမယ့် အရသာရှိမယ့်ပုံပဲ၊
တစ်ချိန်တည်းမှာပဲ အကိုကြီးရဲ့ အသားကကျ ပြည့်ပြည့်စုံစုံပုံစံနဲ့၊
ခြေထာက်တွေ တက်မတွေကိုတောင် သူ့နေရာနဲ့သူ ပြန်စီထားသေးတယ်၊
ကြည့်ရတာ အ၀တ်မပါတဲ့ ပုစွန်ကျနေတာပဲ။

I Have An Amnesia Don't Be Noisy (ဘာသာပြန်) [Completed]Where stories live. Discover now