အချစ်ကိုတွေ့ရှိချိန်

194 21 1
                                    

ချုံချင်းမြို့ရဲ့လမ်းတနေရာမှာတော့ကောင်လေးနှစ်ယောက်ဘေးချင်းယှဉ်ကာစကားပြောနေကြသည်။

စကားပြောနေသည်ဟုဆိုသော်လည်းစကားဟုမဆိုတန်ရာ။
တယောက်ကိုတယောက်စကားနာထိုးနေကြသည်ဟုပြောရင်ပိုမှန်လိမ့်မည်။

အနောက်တိုင်းဝတ်စုံကိုသေသပ်ကျနစွာဝတ်ဆင်ထားသောကောင်လေးမှာ Wang Company ၏ Ceo ဖြစ်သော မြင်သူတိုင်းငေးမောရလောက်အောင်ချောမောလှသော ဝမ်ရိပေါ်နှင့်နောက်တယောက်မှာတော့လူငယ်ဆန်ဆန်fashion တစ်နည်းဆိုရရင် လမ်းသရဲဆန်ဆန်ဝတ်ဆင်ထားသော ဝမ်ဟောက်ရွှမ်းတို့နှစ်ယောက်ပင်။

မနေ့ကရိပေါ်ရှိရာကိုရောက်ချလာပြီးပြောတဲ့စကားက...
ငါ....လူတယောက်ကိုချစ်မိနေပြီတဲ့.....
သောက်ပိုတွေကသိပ်လုပ်။
တနေ့လုံးနားပူနေတာမို့မကောင်းတတ်ပါဘူးဆိုပြီးကူညီပေးတာ...

စကားပြောလိုက်လမ်းမတနေရာကိုကြည့်လိုက်လုပ်နေသောဂဏျာမငြိမ်အမာစိန်လုပ်နေသောဝမ်ဟောက်ရွှမ်းကိုကြည့်နေမိသောရိပေါ်ကလည်းမျက်စောင်းထိုးလိုက် ခေါင်းခါရမ်းလိုက်နှင့်ပါပဲ။

"ပေါ်ကြီးရေ လာပြီ လာပြီ"

"ဆုတောင်းလေ ငါကဘာလုပ်ရမှာလဲ မင်းလင်ကိုငါကရည်းစားစကားလိုက်ပြောရမှာလား"

"တိတ်စမ်း ငါ့ကျိကျိကိုငါ့ဘာသာပြောမယ်"

"မြင်ယောင်နေပြီ မြင်ယောင်နေပြီ "

"ဘာကိုလဲ ချက်ချင်းအဖြေပြန်ပေးမယ်လို့လား "

"စောက်သည်းတွေကွဲပြီးခွေးဖြစ်တော့မယ့်အခြေအနေကို"

"မင်း စောက်ကျက်သရေမတုံးစမ်းနဲ့ ဝမ်ဟောက်ရွှမ်းတဲ့ စောင့်ကြည့်နေလိုက်"

အင်း...စောင့်ကြည့်ပါဦးမယ်လေ....
ဟိုအကိုကြီးကိုတော့မေတ္တာတွေအတုံးလိုက်အတစ်လိုက်ပို့ပြီးဂရုဏာသက်နေမိတယ်....
ဒီလိုကောင်မျိုးရဲ့ရှေ့ကိုမှရောက်လာတဲ့ထိုအကိုကြီးအစားရင်တွေနာမိတယ်...
ဒီကောင်ကအင်မတန်မှပွေတဲ့ကောင်....

ဘာမဟုတ်တဲ့ရည်းစားစကားပြောဖို့ကိုတောင်သူ့ကိုလာခေါ်ရတယ်လို့...
ပါးပါးကလည်းတားရှာတယ်...
သူငယ်ချင်းကောင်းကိုကူညီရမယ်လေတဲ့....
တော်တော်ကောင်းတဲ့သူငယ်ချင်း....
ရည်းစားထားတဲ့အချိန်နဲ့ပြတ်တဲ့အချိန်လောက်ပဲတွေ့နေရတာ...
ကြာတော့သည်းမခံနိုင်တော့ဘူး...

New YearWhere stories live. Discover now