"ဝမ်ရိပေါ်! ဟက် မင်းကတော်တော်လေးကို
ရဲတာပဲ ငါ့ကိုဘယ်‌ေလာက်ပဲ သံသယဝင်‌ေနပါစေ လူမြင်ကွင်းမှာအဆိပ်ခတ်သတ်ရလောက်အောင် ငါကရူးနေလို့လား"

"အဲ့တာဆို ‌ေသာက်ပြလေ"

ဝမ်နင်က ပြောတော့ ကျင်းဇီရွှမ်းက

*ဒီကောင်လေးနှစ်ယောက် ငါ့ကိုတကယ်ကြီးသံသယဝင်နေတာပဲ ဒီခွက်ထဲအဆိပ်ပါတောင် ငါလုပ်တာမဟုတ်ဘူး ပါတော့လည်းဘာဖြစ်လဲ ဆေးရုံရှေ့မှာပဲကို*

"ဟက် ကောင်းပြီ"

ရှောင်းကျန့် ရှေ့ကခွက်ကိုတုံ့ဆိုင်းခြင်းမရှိ မော့သောက်လိုက်သည်။ သောက်ပြီး ၁၀ မိနစ်လောက်ကြာသည်အထိ ဘာမှမဖြစ်တော့မှ ဘေးက
ရှောင်းကျန့် သက်ပြင်းချနိုင်သည်။

ရိပေါ်ကတော့ ဘာမှမပြောတော့ပဲ ရှောင်းကျန့် လက်ကိုဆွဲပြီး ထွက်လာတော့သည်။
ဝမ်နင်ကတော့ ကျန်ခဲ့သည်။

"ဘာလဲ မင်းက ထပ်စောင့်ကြည့်ချင်သေးလို့လား"

"မဟုတ်ဘူး ခင်ဗျားပြောတဲ့ အဲ့အထက်ကဆိုတာ ဘယ်သူလဲမေးချင်လို့"
.............

"ရိပေါ်ရေ ခဏ လက်ကိုလွှတ်ဦး"

ရပ်ပြီး လက်ကိုလွှတ်ပေးလိုက်သည်။ ပြီးတာနဲ့ အော်တော့တာပဲ

"ရှောင်းကျန့်! ခင်ဗျားက သူစကားပြောချင်တယ်ဆိုတိုင်း လိုက်သွားရလား"

"သူကမင်းနဲ့သိတယ် သူလည်းစုံထောက်ပဲဆိုလို့လေ"

"ကျွန်တော့်ကိုတော့ပြောသင့်တာပေါ့"

"ဘာလို့လဲ"

"ဘာလို့ဆို.....ကျန့်ကောတစ်ခုခုဖြစ်သွားရင် ကျွန်တော့်မှာ တာဝန်ရှိတယ်လေ ကျွန်တော်က ကောကို မျက်မြင်သက်သေလို့ပြောထားတာဆိုတော့"

"ငါကဘယ်သူနဲ့တွေ့ပြီး ဘာလုပ်တယ်ဆိုတာအထိ မင်းကိုပြောနေရမှာလား"

"အင်း"

ရုပ်တည်ကြီးနဲ့ အင်းဆိုဖြေချလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် ပြောစရာစကားပျောက်သွားသည်။

"အဲ့ဒါကတော့ နည်းနည်းများမနေဘူးလား"

"မများဘူး"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now