12• Sam's first love

Start from the beginning
                                    

"ဟုတ်ပါတယ်၊ ဒီက Mr. Nicholasနဲ့တွေ့ဖို့အတွက် ကြိုတင်ပြီး appointmentယူထားသေးလား''

"မယူထားပါဘူး၊ဒါပေမယ့် ကျွန်မနာမည်ကို ပြောလိုက် သူကဝင်ခွင့်ပေးပါလိမ့်မယ်''

သူပိုင်တယ် သူဆိုင်တယ် ဆိုတဲ့အထာနဲ့ ပြောလာတဲ့ အမျိုးသမီးကို Samနဲနဲလေးမှ မနှစ်မြို့ဘူး။

သူနဲ့Nicholasက လမ်းခွဲလိုက်တာ ကြာပြီမို့ သဝန်တိုနေတယ်လို့လည်း မဟုတ်ပေမယ့် သံယောဇဉ်လက်ကျန်ကြောင့် အခုလိုအခြေအနေက သူ့ကို အပူမီးလိုပဲ လောင်မြိုက်စေတယ်။

"ဒီကညီမရဲ့ နာမည်လေး တစ်ချက်ပြောပေးပါဦး''

"ကျွန်မနာမည်က Pinkyပါ''

"ဟုတ်ကဲ့၊ခဏလေး စောင့်ပါနော်''

Sam လည်း သူမကို ခနစောင့်ခိုင်းလိုက်ပြီး Nicholas ရဲ့ အခန်းထဲကို ဖုန်းတစ်ချက် ခေါ်လိုက်တယ်။

"Hello ဘာကိစ္စလဲ၊ ကိစ္စရှိရင် အထဲဝင်လာပေါ့ မင်းကဘာဖြစ်လို့ ကိုယ့်ကိုဖုန်းခေါ်ရတာလဲ''

Nicholasက အရင်တုန်းကအတိုင်းပဲ၊သူ့ကိုအနိုင်ယူနေဆဲ မောက်မာနေဆဲပဲ။

Nicholas က သူ့ထက်ငယ်ပေမယ့် အရင်တုန်းကတည်းက သူ့ကိုယ်သူ ကိုယ်လို့ပဲ သုံးနှုန်းခဲ့ကာ အခုထိလဲ ထိုအတိုင်းပင်။

"ဧည့်သည်ရောက်နေလို့ပါ၊ သူမက Pinkyလို့ပြောတယ်၊appointment ယူထားတာ မဟုတ်ပေမယ့် သူမနာမည် ပြောလိုက်ရင် Nicholas က ပေးတွေ့မယ်လို့ ပြောပါတယ်''

"ဪ Pinkyလား၊ ဟုတ်ပြီ ဟုတ်ပြီ''

လွှတ်လိုက်လို့လဲမပြော မလွှတ်နဲ့လို့လည်း မပြောပဲ ဖုန်းချသွားတာမို့ Sam ဘာဆက်လုပ်ရမလဲမသိ ဖြစ်သွားတယ်။

သွားမေးလိုက်တာ ပိုကောင်းပါတယ်ဆိုတဲ့ အတွေးနဲ့ Sam ထိုင်ရာကနေထလိုက်တုန်း Nicholasက အခန်းတံခါး ဖွင့်ပြီးထွက်လာတယ်။

Pinkyဆိုတဲ့ အမျိုးသမီးက Nicholasကို မြင်တာနဲ့ ပြေးဖက်တော့တာပဲ။

Nicholasက သူမကို အလိုက်သင့် ပြန်ပွေ့ရင်း သူမရဲ့ပါးတစ်ဖက်ကို တစ်ချက်နမ်းလိုက်တာ တွေ့လိုက်တယ်။

အဲ့ဒီလုပ်ရပ်ကိုမြင်တာနဲ့ Sam ရဲ့ကျော မတ်ကနဲ ဖြစ်ပြီး တောင့်တင်းသွားတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now