"စိတ်ချသွားပါ ဆရာ​ရှောင်း"

​ရှောင်းကျန့် ဝမ်ရိ​ပေါ် နဲ့အတူကားထဲဝင်ထိုင်လိုက်သည်။ မျန်မျန်နဲ့ဝမ်လင်မယားသည်နောက်ကားတစ်စီးတွင်ဖြစ်သည်။

"ကြည့်ပါဦး။ ကိုယ့်ရဲ့ကျန့်​လေးက ​ကြောင်ချီး​ရုပ်​လေး​တောင်ဖြစ်​နေပြီ"

နှပ်​ချေး​တွေ မျက်ရည်​တွေရော​​​ထွေး​နေသည့် ​ရှောင်းကျန့်မျက်နှာတစ်ပြင်ကို ကားထဲက
wet tissueနဲ့​ သေချာသုတ်​ပေးလိုက်​တော့ နဂို မူလချော​​မောသည့်မျက်နှာ​လေးပြန်​ပေါ်လာသည်။

ကားစထွက်တည်းက ငိုတယ်လည်းမမြည် အသံ​တောင်မထွက်တဲ့ရှောင်းကျန့်က ရွာထဲကထွက်လို့ ကားလမ်းမကြီးဆီ​ရောက်သည်ထိ ကားမှန်​ဘက်ကိုသာ​မျက်နှာစောင်းထားသည်။

"ကျန့် အရမ်းဝမ်းမနည်းပါနဲ့။​ ရှောင်ပါးအမြန်လိုက်လာမှာပါ။ မငိုနဲ့​တော့​နော် မျက်လုံး​​တွေအစ်လိမ့်မယ်"

"...."

ဘာသံမှပြန်မလာသည်မို့ မျက်နှာ​လေးကိုဖင်ကြွကာကြည့်လိုက်​တော့ သ​ကောင့်သား​လေးက အိပ်​ပျော်​နေ​လေပြီ။ ဝမ်ရိ​ပေါ်လည်းသ​ဘောကျစွာဖြင့် ပြုံးလိုက်မိ​တော့သည်။

"​ကောင်း​ကောင်းအိပ်။ ကိုယ့်အချစ်​လေး"

ကား​မောင်း​နေရင်းမှ လက်တစ်ဖက်နဲ့ ရှောင်းကျန့်ပါးလေးကိုခပ်ဖွဖွဆွဲကာ လမ်း​ဘေးသို့ကားခနရပ်၍ ထိုင်ခုံကိုသက်​​သောင့်သက်သာဖြစ်​စေရန် အနောက်သို့လှန်ချ​ပေးလိုက်သည်။ စိတ်တိုင်းကျလုပ်​ပေးပြီးမှ ဝမ်ရိ​ပေါ်ကားကိုအာရုံပြန်စိုက်ကာ ​မောင်းလိုက်သည်။

၄နာရီ​လောက်​​​မောင်းပြီးချိန်တွင် ဝမ်ရိ​ပေါ်တို့​နေသည့်မြို့သို့​ရောက်​လေသည်။​ ရှောင်းကျန့်က​တော့ ထိုအချိန်မှမျက်လုံး​လေးပွတ်ပြီးနိုးလာ၏။

"နိုးပြီလား ကျန့်"

"အင်း။ ဝှား!! ရောက်ပြီလား ရိ​ပေါ်"

"​နောက် ၁နာရီ​လောက်​မောင်းပြီးရင်ရောက်ပြီ"

"အင်း"

"ဗိုက်ဆာ​နေပြီလား"

"ဟင့်အင်း အ​စောကြီးရှိ​သေးတာကို"

Bomiro & Julie Zhan [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ