"ငါဘယ်တုန်းက မဝင်လို့လဲ မင်းပဲအချောင်နေနေတာလေ"
"ငါဘယ်မှာနေလို့လဲ"
"မဟုတ်ဘူးလား မင်းပဲ ပျောက်သွားလိုက် ပေါ်လာလိုက်နဲ့ ဘယ်ကောင်မလေး သွားငမ်းနေလဲမှ မသိတာ"
"ရှောင်းကျန့်! ငါကဘယ်သူ့သွားငမ်းရမှာလဲ"
"ငါမင်းညီပါကွာ ဟိုတစ်ခါက ကောင်မလေးတစ်ယောက်နဲ့ထွက်တွေ့နေတာ မြင်လိုက်တယ်နော်"
"အဲ့တာလူနာရှင်ကွ ဆေးရုံအပြင်ကိုလိုက်ပို့တာ"
"အော် ေဒါသအိုးကျိုးချန်က မိန်းကလေးတစ်ယောက်ကိုလိုက်ပို့တယ်ပေါ့"
"အဲ့နာမည်ကို မခေါ်နဲ့ဟေ့ကောင်"
"ခေါ်မှာပဲ ဘာဖြစ်လဲ"
အရေးပေါ်ခန်းထဲတွင် ရှောင်းကျန့်နှင့် ကျိုးချန် ဘေးလူတွေရှိမှန်းမသိ မရှိမှန်းမသိ အော်ဟစ်ရန်ဖြစ်နေကြသည်ကို ဝမ်ချင်နဲ့ မျန်မျန်က ရိုးနေသည်ဆိုသည့်သဘောဖြင့် လူနာတွေကတော့ ကြောင်ကြည့်နေကြသည်။ အရေးပေါ်ခန်းထဲ
ဝင်ခါနီးလူတစ်ယောက်ကတော့ တစ်ေယာက်
ေသာသူကို ပြုံးပြီးရပ်ကြည့်နေလေသည်။
.............ဆေးရုံရှေ့မှာ လူတစ်ယောက်ရပ်ပြီး ဖုန်းပြောနေတယ်။
"အင်း ကျွန်တော်ရောက်နေပြီ အင်း သိပြီ"
ဖုန်းချပြီး ဆေးရုံထဲဝင်သွားကာ ဦးတည်တဲ့နေရာက အရေးပေါ်ဌာနဆီသို့
"ဘာများကူညီပေးရမလဲရှင့်"
"ဒေါက်တာရှောင်းကျန့်ဆိုတာ ရှိလား"
"အော် သူနဲ့ဘာများပတ်သက်လဲမသိဘူး"
"ပြောစရာရှိလို့ပါ ရဲစခန်းကလာတာပါ"
"ရှင်! ဟုတ်ကဲ့ ခေါ်ပေးပါ့မယ်"
ဝမ်ချင်တစ်ယောက် ရဲစခန်းကလာတာဆိုလို့ ရှောင်းကျန့်ကိုပြေးခေါ်မည့်အစား ရိပေါ်ဆီသာသွားတော့သည်။ စခန်းကလူဆိုရင် သူမသိစရာအကြောင်းမှမရှိတာ ဝမ်ချင်က သူ့မောင်အိမ်ပြန်နောက်ကျရင် ထမင်းချိုင့်ပို့နေကြ ညဘက်ကို စခန်းကလူတွေအကုန်သိတယ်။ အခုလူကတော့ သူတစ်ခါမှမမြင်ဖူးတဲ့လူဆိုတော့
YOU ARE READING
အသက်နှင့်လဲ၍ (Completed)
Fanfiction1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd.