[ 6 ]

802 93 6
                                    

(Unicode)

တက္ကသိုလ်များရွေးချယ်ရာတွင် ဂုဏ်ရောင်ကတော့ ဝါသနာပါရာ TU ကိုရွေးချယ်လိုက်သည် ။
အမှတ်လဲသိသိသာသာကို ကောင်းနေသောကြောင့် Civil ဘာသာရပ်ကိုရသည် ။
လွန်းဓနကတော့ ဂုဏ်ရောင်နှင့်ယှဉ်လျှင်အမှတ်နည်းသဖြင့် အဝေးသင်၊ ဒဿနိကဘာသာရပ်ကိုသာလျှောက်လိုက်သည် ။

"လွန်း မင်းနဲ့ငါအခုတော့ဝေးပြီပဲ ။"

"ဘာတွေပြောနေတာလဲ ငါကအဝေးသင်လေ ဂုဏ်ရောင်ရဲ့ ။ အဲ့တော့ငါမင်းကိုအကြိုအပို့လုပ်ပေးလို့ရတာပေါ့ ။ တစ်ခုပဲ ဂုဏ်ရောင် ဘာဘာညာညာအသံတွေငါမကြားချင်ဘူး ။ ငါ့ကောင်လေးကချောတော့ငါစိတ်မချဘူး ။"

လွန်းရဲ့စကားကြောင့် ဂုဏ်ရောင်ကထရယ်လာသည် ။
ဂုဏ်ရောင်ရဲ့ရယ်သံကြောင့် လွန်းကမျက်မှောင်ကျုံ့ထားသည် ။

"လွန်း ... နှာခေါင်းကသွေးတွေလျှံလာပြန်ပြီ ။"

ဂုဏ်ရောင့်စကားကြောင့် လွန်းဓနတစ်ယောက်ခပ်မြန်မြန်ပင် လက်ကိုင်ပုဝါလေးထုတ်ကာသုတ်လိုက်သည် ။

"လွန်း မင်းအခုလိုဖြစ်တာခဏခဏပဲနော် ဆေးခန်းလေးဘာလေးပြကြည့်ဦး ။"

"အလုပ်လုပ်နေရလို့ ပင်ပန်းလို့ဖြစ်တာပါ ။ သိပ်စိတ်ထဲမထားနဲ့ ။ ပြီးတော့ ငါပေးထားတဲ့လက်စွပ်လေးအမြဲဝတ်ထားနော် ငါ့မှာမင်းကိုပေးချင်လွန်းလို့ပိုက်ဆံသေချာစုပြီးဝယ်ထားရတာ ။ ငါမင်းကိုအဲ့လောက်ချစ်တာ မင်းယုံလိုက် ။"

လွန်းဓနစကားကြောင့် ပြုံးပျော်နေရသူမှာ ဂုဏ်ရောင်ရှိန်ပင် ။
တခြားတော့မဟုတ်၊ သူတို့ရောက်နေသည်က ရပ်ကွက်နားကပန်းခြံလေးအတွင်းမှာပင် ။

ပျော်စရာကောင်းသည်ဟုထင်ခဲ့မိတဲ့အချိန်တွေကတော့ မုန်တိုင်းမတိုက်ခင်အချိန်တွေပဲဖြစ်မည် ။

•••

တက္ကသိုလ်များစတက်ရသည့် အချိန်မှာတော့ လွန်းနှင့်ဂုဏ်ရောင်တို့တွေ့ချိန်နည်းလာသည် ။
လွန်းကလဲအလုပ်လုပ်နေသူဖြစ်သူအလျောက် ဂုဏ်ရောင်ကလဲစာတွေနဲ့လုံးပန်းနေရပြီဖြစ်သည် ။

စာလုပ်နေရင်းနဲ့ဂုဏ်ရောင့်ထံဖုန်းတစ်ကောလ်ဝင်လာသည် ။
ထိုဖုန်းလေးကလဲ ဂုဏ်ရောင့်အတွက်ဆိုပြီး လွန်းဓနဝယ်ပေးထားသောလက်ဆောင်လေးပါပင် ။

ကံကြမ္မာစေရာ၌ကရခြင်း || COMPLETEDWhere stories live. Discover now