(Unicode)
ဆယ်တန်းစာမေးပွဲနောက်ဆုံးရက်တွင် လွန်းဓနတစ်ယောက်ထိုင်မရထမရဖြစ်နေသည် ။
ဒီဇီဝဗေဓဘာသာရပ်က သူအကြောက်ဆုံးဘာသာရပ်တစ်ခုမဟုတ်ပါလား ?"လွန်း အဆင်ပြေရဲ့လား ? မင်းအခန်းထဲဝင်ရတော့မယ်နော် ။"
ဂုဏ်ရောင့်စကားကြောင့် လွန်းကခေါင်းသာအသာညိမ့်ပြလိုက်သည် ။
ထို့နောက်တွင် ဖြေရမည့်အခန်းထဲသို့သာဝင်ခဲ့တော့သည် ။
ဂုဏ်ရောင်နှင့်ကအခန်းမတူ၊ နာမည်အလိုက်နှင့်ခုံနံပါတ်စီတာကြောင့်ပင် ။မေးခွန်းစာရွက်စဝေသည့်အချိန်တွင် လွန်းတစ်ယောက်လွန်စွာမှစိတ်ခုန်နေပြီဖြစ်သည် ။
မေးခွန်းစာရွက်ရရခြင်းမှာပင် မေးခွန်းကိုကြည့်မိလိုက်တော့ အောင်တော့အောင်လောက်မှာပါဟု မှတ်ချက်ချမိသည် ။
သုံးနာရီကိုမနည်းကြိတ်မှိတ်သည်းခံရင်းနှင့်ပင် အချိန်ကုန်ဆုံးခဲ့သည် ။•••
အခန်းအပြင်ရောက်ရောက်ခြင်းအော်မိသည်က အောင်ပြီ၊ ကျွတ်ပြီဟူ၍သာ ။
ရုတ်တရက် နှာခေါင်းထဲမှတစ်ခုခုထွက်လာသောအသိကြောင့် နှာခေါင်းကိုပွတ်ကြည့်မိရာ သွေးတွေတွေ့ရသည် ။"ဪ ... နှာခေါင်းသွေးလျှံနေတာပဲ ။"
သုတ်စရာဘာတစ်ခုမှမပါသောကြောင့် မျက်နှာလေးကိုမော့ထားကာ ဂုဏ်ရောင့်အလာကိုစောင့်နေလိုက်သည် ။
ဂုဏ်ရောင်က လွန်းကိုတွေ့တော့အပြေးလာသည် ။"လွန်း ငါတော့ဒီဘာသာလဲဂုဏ်ထူးပဲထင်တယ် ။"
"ဪ ... အေးပါ ။ ဝမ်းသာပါတယ် ။ ငါကတော့အောင်ရုံပါပဲ ။"
ခေါင်းကိုမော့ကာပြောနေသော လွန်းဓနကြောင့်ဂုဏ်ရောင်ရှိန်တစ်ယောက် လွန်းရဲ့မျက်နှာကိုဆွဲပြီးအောက်ကိုငုံ့စေသည် ။
"အား ဂုဏ်ရောင်မလုပ်နဲ့ ။ ငါနှာခေါင်းသွေးလျှံနေလို့ ။"
ပြောလို့ပင်မဆုံးသေး ဂုဏ်ရောင်ကသူ့အင်္ကျီအဖြူလေးကိုဆွဲကာ နှာခေါင်းသွေးတွေကိုသုတ်ပေးနေသည် ။
"မင်းတော်တော်ပင်ပန်းမှာပဲ လွန်း ။ ငါတို့နှစ်ယောက်တစ်နေရာရာသွားကြမလား ?"
YOU ARE READING
ကံကြမ္မာစေရာ၌ကရခြင်း || COMPLETED
Teen Fictionကောင်လေးနှစ်ယောက်ကြားကချစ်ခြင်းမေတ္တာကိုဖော်ကြူးထားတဲ့ ရိုးရှင်းသောဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ° လွန်းဓန x ဂုဏ်ရောင်ရှိန် ° [ 22.10.2020 ]