[ 5 ]

805 104 9
                                    

(Unicode)

သုံးလလောက်အကြာမှာတော့ ဂုဏ်ရောင်တို့လဲစီးပွားရေးလေးအဆင်ပြေလာကာ အိမ်ပြောင်းရမည့်အခြေအနေပင်ဖြစ်လာသည် ။
အနည်းငယ်သုံးနိုင်စွဲနိုင်သော အခြေအနေသို့ပင်ရောက်ရှိလာသည် ။

"အိမ်ပြောင်းသွားလဲ ငါ့ဆီလာလည်ပါနော် လွန်း ။"

တတွတ်တွတ်ပြောနေသော ဂုဏ်ရောင့်ကြောင့် လွန်းလဲခေါင်းသာညိမ့်ပြလိုက်သည် ။

"ငါ့အသည်းလေးဆီ ငါလာတွေ့ရမှာပေါ့ကွာ ။ ဂုဏ်ရောင် အောင်စာရင်းထွက်တဲ့နေ့ ငါနဲ့တူတူသွားကြည့်မယ်မို့လား ?"

"အင်းလေ ။ မင်းနဲ့ပဲတူတူသွားကြည့်မှာပေါ့ ။"

ဂုဏ်ရောင့်ရဲ့အဖြေလေးကြောင့် လွန်းဓနတစ်ယောက်ပြုံးလိုက်သည် ။

"ဟုတ်ပြီ ။ အဲ့နေ့ငါမင်းကိုလက်ဆောင်ပေးစရာရှိတယ် ဂုဏ်ရောင် ။"

"အင်းပါ ။ အဲ့နေ့ငါမင်းကိုလာခေါ်မယ် လွန်း ။"

ပြောပြောဆိုဆိုနှင့် လွန်းအားဆွဲဖက်လာသော ဂုဏ်ရောင် ။
ထိုအခြေအနေကိုကြည့်နေသာ ဦးကျော်ဌေးမှာလဲမျက်ရည်တစမ်းစမ်းလေးဖြင့် ။
ဒေါ်မြမြကတော့ ဒီသူငယ်ချင်းနှစ်ယောက်ကိုမနိုင်ဘူးဟူသောအကြည့်ဖြင့်သာကြည့်နေတော့သည် ။

•••

အောင်စာရင်းတွေထွက်လာတဲ့နေ့မှာတော့ ဂုဏ်ရောင်တစ်ယောက် ညဘက် [ 12 ] အတိမှာ လွန်းကိုလာခေါ်တော့သည် ။

"လွန်းရေ လွန်းဓန ။"

အော်ခေါ်နေတော့ ဦးကျော်ဌေးတစ်ယောက်ထွက်လာကာ ဂုဏ်ရောင့်ကိုနှုတ်ဆက်သည် ။

"အေး ဂုဏ်ရောင် သားလေး လာဝင်ခဲ့ကွယ် ။ မင်းသူငယ်ချင်း မနေ့ကသူအလုပ်လုပ်ပေးနေရတဲ့အိမ်ကပြန်လာလာခြင်း ဖျားပြီးသွေးတွေအန်နေလို့ အခုခဏနားနေတာမထနိုင်ဖြစ်နေတယ် ။"

ဦးကျော်ဌေးရဲ့စကားကြောင့် လိုက်ကာလေးကာထားသော လွန်းရဲ့အခန်းကျဉ်းကျဉ်းလေးထဲသို့ ဂုဏ်ရောင်တစ်ယောက်ဝင်လိုက်သည် ။
လွန်းကိုကြည့်လိုက်တော့ စောင်ပုံထဲမှာကွေးကွေးလေးခွေနေသည်ကိုတွေ့ရသည် ။

ကံကြမ္မာစေရာ၌ကရခြင်း || COMPLETEDWhere stories live. Discover now