~၂~

577 67 6
                                    

မျက်စိရှေ့က ကောင်မလေးရဲ့ ရုပ်ပုံဟာ ဆွေးဆွေးငေးငေးလေး သူမရဲ့ မျက်ဝန်းထဲမှာ အချစ်ငွေ့တွေကိုတောင် ရိုးတိုးရိပ်တိတ်မြင်နေရသေးတယ်

"ဒီတော့ ဆရာမနဲ့ ပထမဆုံး မှတ်မှတ်ရရ ဆုံတာ ဒီလိုမျိုးပေါ့"

သူဇာကိုလို့ ကိုယ့်ကိုလာမိတ်ဆက်ထားတဲ့ ကောင်မလေးက ပြုံးတယ် ကြံမိကြံရာ သဘောမျိုးနဲ့ နှုတ်ခမ်းပါးတွေကို လက်ဖျားတွေနဲ့ ပွတ်သပ်နေတယ် အို.... သူ့လက်ချောင်းတွေက သိပ်လှတာပဲ

"အမှန်အတိုင်းပြောရရင် သိပ်မမှတ်မိဘူး ခပ်ရေးရေးပဲ
မျက်စိထဲမှာ မြင်နေမိတာ အတန်းရှေ့မှာ ပုံနှိပ်စာအုပ်
တောင် မကိုင်ဘဲ စာသင်နေတဲ့ ဆရာမရဲ့ ပုံရိပ်ပဲ ရှိတယ်"

"ဒါပေါ့လေ ဆရာမနဲ့ စာသင်ခန်းဆိုတာက ဒွန်တွဲနေတဲ့ အရာကို"

"ဟုတ်ပါတယ် ဆရာမက စာသင်နေရင် သိပ်ခန့်တာဗျ"

လက်ခနဲထွန်းပကာ ရွှင်မြူးလာတဲ့ မျက်ဝန်းညိုစိမ့်စိမ့်လေးထဲမှာ ဆရာမကို သူ့သိပ်ချစ်ကြောင်းက စကားလုံးနဲ့တောင် ဖွဲ့ဆိုလို့ရမယ် မထင်ပေ

"အမျိုးသမီးတစ်ယောက်က သိပ်ခန့်နေရင် ကြောက်စရာ
ကောင်းတယ်"

"အမှန်ပဲ ဆရာမက ကြောက်စရာ ကောင်းတယ်
ပြီးတော့ ချစ်စရာလည်း ကောင်းပါတယ်"

မိုးဖွဲဖွဲလေးကြောင့် အေးစိမ့်နေတဲ့
ရာသီဥတုလေးက ကိုယ်တို့ကြားက
စကားဝိုင်းလေးကို အနှောက်အယှက်မပြုနိုင်ရှာပေ

"ဆက်ပြောချင်သေးလား"

သူက လျော့ရဲရဲ ထိုင်နေတဲ့ အနေအထားကို
ချက်ခြင်းပြန်ပြင်တယ်

"ပြောတာက ပြောချင်ပါတယ် ရှင်ကော အချိန်ရရဲ့လား"

"ရပါတယ် ပြောပါလေ"

"ဆရာမကို စစိတ်ဝင်စားဖြစ်တဲ့လို့ ကိုယ်ယူဆမိတဲ့
အဖြစ်အပျက်လေးကို ပြောပြချင်တယ်"

သူ့စိတ်အလျဉ်က ပြက္ခဒိန်တွေကို တရွက်ချင်းစီ လှန်လျော သွားကြပုံတာကို မြင်နေရတယ် ကျွန်မလည်း ကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ပြီး တလေးတစားနဲ့ နားထောင်ပေးဖို့ဟန်ပြင်လိုက်တယ်

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည် Where stories live. Discover now