~၁~

2K 100 2
                                    

ကဆုန် နယုန်ဆွေ့ဆွေ့ခုန် ဆိုသလို
အပူလှိုင်းတွေက
မနက်ခင်းစောစောမှာတောင် အစွမ်းအစပြနေ
ကြသည်
မိုးရာသီမှာ စိုစိုစွတ်စွတ်နဲ့ သွားရလာရသည်ကို မနှစ်သက်သော်လည်း ဒီလိုအချိန်ကျ အေးစိမ့်သွားအောင်
ရွာစေချင်သည်

"ဂျစ်တူးမ နင်မပြီးသေးဘူးလား"

"လာပါပြီဟ ပြီးပြီ"

ဆံပင်ကို တစ်ချက်နှစ်ချက်လောက် လက်ဖြင့် သပ်ချ
လိုက်သည် အကျီကို တစ်ချက်ဆွဲချသည် မှန်ထဲသို့
ဟိုဘက်ဒီဘက်
လှည့်ကြည့်လိုက်သေး၏ ရပြီ ဒီလောက်ဆို...

"ကြာလိုက်တာ ဘုရားတောင်ပွင့်တော့မယ်"

စူပုတ်ပုတ်မျက်နှာပေးနဲ့ ပွစိပွစိပြောနေသည့်
မေငြိမ်းချမ်း(ခေါ်) လောရှည်အား မျက်စောင်းထိုးလိုက်သည်

"ပိုပြီ ပိုပြီ ငါပြင်တာဆင်တာ တခြားမိန်းကလေးတွေ
လောက် မကြာဘူး တခြားမကြည့်နဲ့ ဝတီဇင်နဲ့ ငါနဲ့ဆို ဘယ်သူပိုကြာလဲ"

"ထွန်းအောင်က အကြာဆုံးဟေ့ ထွန်းအောင်က အကြာဆုံး"

မေငြိမ်းချမ်းတစ်ယောက် စိတ်မရှည်စွာနဲ့
အော်လေပြီ

"နင့်နောက်ကပဲ လိုက်ခဲ့တော့မယ်"

"မရဘူး နင့်ဂျစ်တူးကို စီးမှရမယ် ငါ့ရဲ့ ကျူရှင်ချိန်က
ညနေပြောင်းထားတာ တန်းဝင်ရမှာ"

"အဲ့လိုလား"

ဂျစ်တူးရဲ့ ဂျစ်တူးဆိုသည်မှာ အခြားမဟုတ် ကိုယ့်ရဲ့ Scoopy အမည်းလေးသာဖြစ်၏ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ အသည်းကျော်လေးပါ

"မွှေးကို ဝင်မှာမလား"

"ဘာလဲ နင်ကမဝင်ချင်ဘူးလား"

"မဝင်ရင် ဝင်ရအောင်လို့ပြောမလို့ ငါလည်း ဘာမှမစားခဲ့ရသေးဘူး"

"အိုကေလေ လစ်စို့"

အမေအသင့်ပြင်ပေးထားသည့် ထမင်းချိုင့်နဲ့ ကို cycle tool-boxထဲထည့်ပိတ်လိုက်ပြီး နှစ်ယောက်သား
အိမ်မှ ထွက်လာခဲ့ကြသည်

"ရှမ်းသုတ်နဲ့ လက်ဖက်ရည် ချိုစိမ့်ဖန်တင် ဝမ်း"

"ဒီက အစ်မကရော ဘာမှာမလဲ ခင်ဗျ"

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည် Where stories live. Discover now