18(Z+U)

2.3K 253 16
                                    

baekhyunတိုက်ခန်းရှေ့က လှေကားထစ်ခြေရင်းမှာ မနက်တိုင်းအချိန်မှန်စွာရောက်ရှိနေတက်တဲ့ ကားလေးတစ်စီးရှိသည်...။

ထိုကားပိုင်ရှင်ဟာ baekhyunဆိုသောလူသားလေးရဲ့ ကိုကို..။

မိုးရာသီဖြစ်လို့ အချိန်မရွေးမိုးဖွဲလေးတွေကျတက်တာအဆန်းတော့မဟုတ်...။

နေရောင်ဖျော့ဖျော့လေးရှိသည့် မနက်ခင်းမှာ
မိုးဖွဲတွေတဖွားဖွားကြွေကျနေသော
အချိန်တွင် chanyeolသည် ချစ်သောလူသား
လေးထွက်အလာကို ထီးတစ်ချောင်းအသင့်ကိုင်လို့ တိုက်ခန်းတံခါးရှေ့ကနေ ရပ်စောင့်နေလေသည်...။

ရုံးလွယ်အိတ်ကိုစလွယ်သိုင်းလို့ တံခါးဖွင့်ပြီးထွက်လာတဲ့baekhyunပခုံးကို လက်တစ်ဖက်နဲ့ခပ်တင်းတင်းဖက်ကာ တစ်ဖက်မှလည်းကောင်းကင်မှသက်ဆင်းလာတဲ့
မိုးရေစက်တွေကိုအံတုဖို့  အဖြူရောင်ထီးလေးကိုကိုင်ဆောင်းပြီး အပြုံးကိုယ်စီနဲ့လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ စည်းချက်ကျကျလှိုက်ခုန်လာတဲ့ရင်ခုန်သံတွေ...။
သေးသွယ်တဲ့လက်ချောင်းလေးတွေက ခါးပေါ်ကို သိုင်းဖက်လာတဲ့အခိုက် ကော့ညွှက်သွားတဲ့နှုက်ခမ်းတစ်စုံ....။

လှေကားထစ်အဆင်းတစ်နေရာမှာ baekhyunချော်ကျမလိုဖြစ်သွားတော့ ပခုံးပေါ်ကchanyeolလက်တွေ ပိုပြီးတင်းကြပ်စွာ
ဖိဆုပ်လိုက်မိသည့်အခိုက် ငုံ့မိုးကြည့်နေသူရဲ့
မျက်ဝန်းဝိုင်းဝိုင်းတွေကို ပြန်လည်ငေးမောနေတဲ့ကောင်းလေး...။
သူတို့နှစ်ဦးရဲ့ မျက်ဝန်းရိပ်တွေထဲမှာ တစ်ယောက်ကိုတစ်ယောက် မြတ်နိုးမှုတွေဟာအတိုင်းသားပေါ်လွင်နေသည်...။

ဆင်စွယ်နုရောင်ရှပ်လက်ရှည်ကိုဝတ်ထားတာကြောင့် baekhyunမျက်နှာနုနုမှာ
ပို၍ပင် နူးညံ့အိစက်နေသယောင်...။

အချိန်အတော်ကြာ အကြည့်ချင်းစုံရပ်နေမိ
ကြပြီးနောက် နှုက်ခမ်းပါးနှစ်ခု ထပ်တူညီစွာ ပြုံးလိုက်မိကြလေသည်...။

မိုးဖွဲလေးတွေက ကျမြဲကျဆဲ...။

လေပြေညှင်းလေးတွေလည်း တိုက်ခက်နေဆဲ...။

တိမ်ဆိုင်လေးတွေဟာလည်း မျောလွင့်နေဆဲ...။

အဖြူရောင်ထီးလေးအောက်က လူသားနှစ်ဦးဟာလည်း ရင်ခုန်နှုန်းတွေထပ်တူကျစွာ မြန်ဆန်နေဆဲ....။

I Want YouWhere stories live. Discover now