22(Z+U)

2.1K 267 5
                                    

ချန်းယောလ် ဘတ်ဟျွန်းအာပါးနောက်ကအသာလိုက်လာပြီး စားပွဲရှေ့မှာဝင်ထိုင်ယုံရှိသေး "မင်းနဲ့ငါ့သားရဲ့အခြေနေကိုအမှန်တိုင်း
သိချင်တယ်..."လို့ပြောလာတဲ့ဘတ်ဟျွန်းအာပါးကြောင့်
တအံ့တသြဖြစ်သွားခဲ့ရသည်...။
နဂိုထဲက ဒီနေ့ဖွင့်ပြောပြီးခွင့်တောင်းမယ်လို့စီစဉ်ထားခဲ့တာမို့ ချန်းယောလ်မလိမ်ပဲ အမှန်တိုင်းပြောပြီး ခွင့်ပြုချက်တောင်းခံခဲ့ရသည်..။

"ကျွန်တော်နဲ့ဟျွန်းငယ်က ချစ်သူတွေပါ...။
ကျွန်တော် ဟျွန်းငယ်ကိုတကယ်ချစ်တာပါ..။
အာပါးတို့ခွင့်ပြုပေးမယ်ဆိုရင် ကျွန်တော်ဟျွန်းငယ်ကိုလက်ထပ်ချင်ပါတယ်...။"

ချန်းယောလ်ခမျာ ဘတ်ဟျွန်းအာပါးရှေ့မှာ
ဒူးထောက်ထားပြီး ထိုင်ရှိခိုးမတက်တောင်းဆိုခဲ့သည်..။

"ငါကခွင့်မပြုဘူးဆိုရင် မင်းကငါ့သား
ကိုလက်လွှတ်မှာမို့လား..."
ဘတ်ဟျွန်းအာပါးမျက်နှာက တင်းမာနေတာမျိုးမဟုတ်ပေမဲ့ ဒီရပ်ရွာရဲ့ဥက္ကဋ္ဌပီပီ
တည်ငြိမ်ပြီး သြဇာအပြည့်နဲ့ဆိုလာတဲ့အမေးစကားနောက်..။

ချန်းယောလ်မှာမေးရက်ပါပေ့အာပါးရယ်ဆိုပြီး
သူ့သားလေးကိုဘယ်လောက်ချစ်ကြောင်း
မမောနိုင်မပန်းနိုင် ကဗျာတွေစာတွေဖွဲ့ပြီးထိုင်ပြောချင်စိတ်ကိုမနည်းထိန်းပြီးပြန်ပြောခဲ့ရသည်...။

"ကျွန်တော်ဟျွန်းငယ်ကို လက်လွှတ်ဖို့မြူတစ်မှုန်လေးတောင်စိတ်ကူးမရှိပါဘူး...။ကျွန်တော့်ကို အခုသဘောမကျရင်တောင်မှ အာပါးတို့သဘောကျလာတဲ့အထိကြိုးစားပါ့မယ်..။ဟျွန်းငယ်ကိုလက်လွှတ်ဖို့တော့ မပြောပါနဲ့လား...။ရှေ့ဆက်ရမဲ့ကျွန်တော့်အနာဂတ်မှာ ဟျွန်းငယ်မပါမဖြစ်အရေးပါဆုံးသူဖြစ်လို့ပါ...။"

အဲ့ဒီအချိန်မှာအိုမားဝင်လာပြီး ကော်ဖီပန်းကန်တွေစားပွဲပေါ်ချရင်းပြောလာသည်...။

"ယောက်ျား ရှင့်မျက်နှာကြီးတည်မနေပါနဲ့တော့..။ကဲ သား အရမ်းကြီးစိတ်ပင်ပန်းဖြစ်မနေပါနဲ့
တူလေးမင်ဆော့စီကနေ အိုမားတို့အကြောင်းစုံအကုန်သိထားပြီသားပါ...။သားချန်းယောလ်လေးက အိုမားတို့သားကိုဘယ်လောက်ချစ်ကြောင်း၊ဘယ်လောက်ဂရုစိုက်ကြောင်း အားလုံးကိုအိုမားတို့သိထားပြီးသားပါ...။အဲ့ဒါကြောင့် အိုမားတို့သားလေးကိုသာ စိတ်ဆင်းရဲရအောင်မလုပ်ဖို့ပြောချင်တယ်...။"

I Want YouWhere stories live. Discover now