ချစ်တက်လွန်းသူ၏ နှလုံးသားမှသည် ဇာတ်သိမ်း

439 8 5
                                    

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​

အပိုင်း ၁၅

💔💔💔💔💔💔💔💔💔💔💔

နံနက်​ခင်းအလင်း​ရောင်​ခြည်​နုနုက ဇာခန်းဆီးပန်းခရမ်း​ရောင်​ကိုဖြတ်​၍ ညလွန်းယံ၏ ပါးပြင်​ပေါ်သို့ဖြန့်​ကျဲထား​လေသည်​။ထိုးကိုက်​လာ​သော​ခေါင်းကိုဖိနှိပ်​၍ ခန္ဓာကိုယ်​အား​စောင်​ဖြင့်​ပတ်​ခါ ညီးညူ​နေ​လေသည်​။

ထိုစဉ်​အခန်းတံခါးဖွင့်​၍ ဝင်​လာသူမှာသိင်္ခဖြစ်​လေသည်​။

"ကိုကို့က​လေး​လေး နိုး​နေပြီလား...ဒါဆိုထ မျက်​နှာသစ်​ကြမယ်​"

ယံ​လေး သိင်္ခလမ်း​လျှောက်​ပုံအားကြည့်​နေမိသည်​.... မမဆုမွန်​စကားတိုင်းလုပ်​လိုက်​မိလားမမှတ်​မိသဖြင့်​ကိုကိူလမ်း​လျှောက်​တာပုံကျမကျသာလိုက်​ကြည့်​နေမိသည်​။

ထို့​နောက်​" ကိုကို ကိုကို"

သိင်္ခ ယံ​လေး​ခေါ်သံ​ကြောင့်​အနားသို့သွားခါ ယံ​လေးဆံသားများအားသပ်​တင်​ပေး၍ "ဗျာ" လို့ထူးလိုက်​လေသည်​။

"ဟို​လေ က​လေး ညက ကိုကို့ကိုဘာလုပ်​မိ​သေးလဲဟင်​"

သိင်္ခညစ်​ကျယ်​ကျယ်​ပြုံးလိုက်​ရင်း "ဘာလုပ်​လဲ ပြန်​ပြောပြရမလား က​လေး​လေး"ဟုဆိူခါ ယံ​လေးမျက်​နှာနားသို့တိုးကပ်​လာ​လေသည်​။

ယံ​လေးလဲ အမြန်​ရှောင်​ခါ လည်​ပင်းအားလက်​နှစ်​ဖက်​ဖြင့်​သိုင်းဖက်​၍ သိင်္ခခါးအား​ခြေဖြင့်​ချိတ်​ခါ ခွထိုင်​လိုက်​လေသည်​။

သိင်္ခလဲ တစ်ဟားဟား​အော်​ရယ်​ရင်း ယံ​လေး၏ခါးကိုထိန်းကိုင်​ခါ​ရေချိုးခန်းတွင်းသို့ဝင်​၍ မျက်​နှာသစ်​ပေး​လေသည်​။

ထို့​နောက်​"က​လေး​ရေချိုးပြီး​အောက်​ဆင်းခဲ့​နော်​....ကိုကိုမနက်​စာပြင်​နေရင်းတန်းလန်းမို့​အောက်​မှာ​စောင့်​နေမယ်​"

"ဟုတ်​ကိုကို အာဘွား"

သိင်္ခ ပြုံးရွှင်​နေ​သော ယံ​လေးမျက်​နှာအားကြည့်​ခါ ပါး​လေးကိုဆွဲဖျစ်​၍​အောက်​သို့ဆင်းခဲ့​လေသည်​။

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Where stories live. Discover now