ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၁၁

175 4 2
                                    

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​

အပိုင်း ၁၁

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

​ဒေါ်မြင့်​မြတ်​ရတနာ ကုမ္ပဏီသို့​ရောက်​သောအခါ အစည်း​ဝေးခန်းမထဲသို့တန်းသွားလိုက်​လေသည်​။အခန်းထဲ၌ ဒါရိုက်​တာအဖွဲ့ဝင်​များနဲ့ တိမ်​ယံမြင့်​ပါအတူရှိ​နေ​လေသည့်​။

​ဒေါ်မြင့်​မြတ်​ရတနာလဲ....လက်​ကိုင်​အိတ်​ကို​နေရာ၌ချပြီးသည်​နှင့်​ဦးတိမ်​ယံမြင့်​ဘက်​သို့လှည့်​ခါ

"ကဲ...ရှင်းရှင်းပဲ​မေးမယ်​ရှင်​ဘာဖြစ်​ချင်​တာလဲ ကိုတိမ်​ယံမြင့်​....ရှင့်​စိတ်​ကြိုက်​နေခွင့်​ပေးထားတာ​တောင်​ဘာထပ်​ဖြစ်​ချင်​နေ​သေးတာလား" ဟု​မေးလိုက်​လေသည်​။

ဦးတိမ်​ယံမြင့်​လဲ မ​ပြောမဆိုနှင့်​ဒူး​ထောက်​ချခါ...."မ....ဒီ​နေ့က​မောင်​တို့ အိမ်​ထောင်​သက်​နှစ်​၂၀ပြည့်​တဲ့​နေ့​လေး​လေ.....ဒီ​နေ့မှာပဲ မ ကို​မောင်​ပြန်​ပြီး ချစ်​ခွင့်​ပန်​ပါရ​စေ....​မောင့်​အချစ်​ကို မပြန်​လက်​ခံ​ပေးပါ​နော်​.... လွန်းယံ​လေးရဲ့အနာဂတ်​ကိုကြည့်​ပြီး​မောင်​တို့ပြန်​ပြီး အဆင်​ပြေ​အောင်​နေကြမယ်​လေ​နော်​.......​မောင့်​ကိုပြန်​လက်​ခံ​ပေးပါ " ဟု​ပြောခါ ကတ္တီပါဗူးနီထဲမှ တစ်​ဖျက်​ဖျက်​လက်​နေ​သော စိန်​လက်​စွပ်​ကိုထုတ်​ခါ​ဒေါ်မြင့်​မြတ်​ရတနာအား ဝတ်​ဆင်​ပေးလိုက်​လေသည်​။

​ဒေါ်မြင့်​မြတ်​ရတနာလဲ ပီတိမျက်​ရည်​များကြားမှ ပြုံးပြ​ခေါင်းညိတ်​၍ "​မောင့်​ဘက်​က ငြိမ်းချမ်း​ရေးယူရင်​မဘက်​က လက်​မခံစရာအ​ကြောင်းမရှိပါဘူး" ဟု​ပြောလိုက်​လေသည်​။.

ဒါရိုက်​တာအဖွဲ့ဝင်​များမှ ပန်းစည်းနှင့်​လက်​ဆောင်​ပစ္စည်းများ​ပေး​လေသည်​၊

​ဒေါ်မြင့်​မြတ်​ရတနာ သိလိုက်​ရသည်​က ဦးတိမ်​ယံမြင့်​မှာ suprise လုပ်​ချင်​သဖြင့်​အပြင်​မထွက်​သောမိမိကို ရှယ်​ယာရှင်​အစည်း​ဝေးဆိုပြီး အပြင်​ထွက်​လာ​အောင်​ဖန်​တီးလိုက်​မှန်းသိလိုက်​ရ​လေသည်​။

ထိုကိစ္စရဲ့​နောက်​ကွယ်​မှာ ခန့်​သိင်္ခ​မောင်​ရှိမှန်း ညလွန်းယံ​ရော​ဒေါ်မြင့်​မြတ်​ရတနာပါမသိခဲ့​ချေ။

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Where stories live. Discover now