ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​ ၇

180 4 0
                                    

ချစ်​တက်​လွန်းသူ၏ နှလူံးသားမှသည်​

အပိုင်း ၇

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

မူဆယ်​မြို့၏ ည​နေခင်းအချိန်​သည်​မြူများဖြင့်​ရစ်​သိုင်း​နေ​လေသည်​။air con အကူညီမလိုပါပဲ အိမ်​တိုင်း၏ အခန်းများတွင်​အ​အေးဓာတ်​က​နေရာယူဝင်​ရောက်​နေ​လေသည်​။

သိင်္ခ တစ်​နေ့လုံးစိတ်​ပင်​ပန်းလာသဖြင့်​က​လေးမျက်​နှာကို​တွေ့ချင်​သော​ကြောင့်​အိမ်​သို့​စော​စောပြန်​လာ​လေသည်​။ခါတိုင်း ကားသံကြားသည်​နှင့်​ပေါ်တီကို​အောက်​ထိ​ပြေးထွက်​ခါ လာကြိုတက်​သော က​လေးက သိင်္ခ ဧည့်​ခန်းတွင်း၌ထိုင်​သည်​အထိ အရိပ်​ယောင်​ပင်​မ​တွေ့ရ​သေး​ချေ။သိင်္ခထံသို့​ရေလာပို့​ပေး​သော အ​ဒေါ်ကြီးကိုမြင်​သဖြင့်​......

"​ဒေါ်​ဝေ ညလွန်းယံ​ရော.....ကျွန်​တော့်​ကိုလဲထွက်​မကြိုပါ့လား"

"အကို​လေး​နေ့လည်​က Boss စီကိုထမင်းဗူးပို့်​မယ်​ဆိုပြီးထွက်​သွားပါတယ်​ပြန်​လာ​တော့ ထမင်းဗူးချပြီး အ​ပေါ်ထပ်​တက်​သွားတာ ခုထိပြန်​ဆင်းမလာ​သေးပါဘူး"

"ဒါဆို​နေ့လည်​က ယံ​လေး ကျွန်​တော့်​စီလိုက်​လာ​သေးတယ်​ပေါ့"

"ဟုတ်​ကဲ့ ဒါ​ပေမယ့်​မ​တွေ့ခဲ့ဘူးထင်​ပါတယ်​ထမင်းဗူးကယူသွားတဲ့အတိူင်းပြန်​ပါလာတယ်​ရှင့်​"

"အဲ့ဒါကို ကျွန်​တော့်​စီဘာလို့ဖုန်းမဆက်​တာလဲ..."

"ဟို...ကျွန်​မ....ကျွန်​မက....​"

"​တော်​ပြီ​ဒေါ်​ဝေ သွားလို့ရပြီ "

​သွားလို့ရပြီဆိုသည်​နှင့်​ဒေါ်​ဝေ​ဝေတစ်​ယောက်​သိင်္ခ​ရှေ့မှအမြန်​ထွက်​လာ​လေသည်​။

သိင်္ခလဲ companyတွင်​မိမိကိုမ​တွေ့သဖြင့်​က​လေးစိတ်​ကောက်​နေသည်​ထင်​ခါ အ​ပေါ်သို့တက်​လာ​လေသည်​။အခန်းတံခါးဖွင့်​၍ ဝင်​လိုက်​သောအခါ ကုတင်​ပေါ်​တွေ​ကျော​ပေးအိပ်​နေ​သော က​လေးအား​တွေ့ရ​လေသည်​။ သိင်္ခလဲ ကုတင်​စွန်းတွင်​တင်​ပလွှဲဝင်​ထိုင်​ခါ ယံယံ့ပုခုံးအားအသာ​လေးကိုင်​ခါဆွဲလှည့်​လေသည်​။

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Where stories live. Discover now