ချစ်​ခြင်း​စေရာ -3

7.8K 498 3
                                    

ဝေ့ဝူရှန်းတစ်​​ယောက်​​နေ့လည်​ကကြာပန်းကန်​မှ ပြန်​လာပြီးထဲက တစ်​စုံတစ်​​ယောက်​ကိုလွမ်း​နေသလိုခံစား​နေရသည်​။

သူလန်​ဝမ်​ကျီရဲ့ အပြုံး​တွေကို လွမ်း​နေသလိုလို ကိုယ်​သင်းရနံ့​လေးကိုပင်​လွမ်း​နေသလိုလို ။

အိပ်​ယာ​ပေါ်မှာလူးလိမ့်​​နေရင်း သူ​နောက်​ဆူံးမ​နေနိုင်​စွာ လန်​ဝမ်​ကျီရဲ့အ​ဆောင်​​တော်​ဘက်​သို့ထွက်​ခွာခဲ့​လေသည်​။

ရုတ်​တရက်​​ဗျစ်​​စောင်းသံကြားလိုက်​ရသည်​။ သီချင်းသံ​လေးကအရမ်းသာယာလွန်းလို့ သူရပ်​နား​ထောင်​​နေမိသည်​။
ရုတ်​တရက်​သီချင်းသံ​ကရပ်​သွားပြီး

"ဘာလို့ခိုးနား​ထောင်​​နေရတာလဲ ဒီမှာ ​ရေ​နွေး​သောက်​ရင်းလာနား​ထောင်​ပါလား"

ထိုအချိန်​ခဏ​ဝေရင်း အသက်ပင်​​အောင့်​ထားမိသည်​ထင်​သည်။ လန်​ဝမ်​ကျီလို သူမျိုးက သူ​ရောက်​​နေမှန်းဘယ်​လိုသိ​နေသလဲဟု

ဝေ့ဝူရှန့်း​အရှက်​​ပြေရယ်​ရင်းလန်​ဝမ်​ကျီ​ရှေ့ထိုင်​ကာ
"ဒုမင်းသားလန်​က အာရုံစူးရှပါ​ပေတယ်​"

လန်​ဝမ်​ကျီသည်​ဘာမှပြန်​မ​ပြောပဲ ပြုံးပြ​နေခဲ့သည်​။
ထို့​နောက်​သီချင်းကိုသာဆက်​လက်​တီးခတ်​​နေခဲ့သည်​။ ​ဝေရင်းလဲ သီချင်းသံနား​ထောင်​ရင်းယူ​ဆောင်​လာတဲ့ ဧကရာဇ်​ပြုံးဝင့်​ကို​သောက်​ကာ ဇိမ်​ခံ​နေ​တော့သည်​။

"ခမည်း​တော်​ အခုရက်​ပိုင်း အမတ်​ကြီး ဝိမ်​ရဲ့လှုပ်​ရှားမှု​တွေကသာမာန်​မဟုတ်​ဘူး"

"ငါလည်းသတိထားမိတယ်​ သူဘာလုပ်​မလဲဆိုတာ​သေချာ​စောင့်​ကြည့်​ထားပါ ပြီး​တော့ဝမ်​ကျိဘက်​ကိုလဲ လူလွတ်​ပြီးသတိ​ပေးထားလိုက်​အုံး"

"ဟု​တ်​ကဲ့ပါခမည်း​တော်​"

ထန်​ရှားမင်းကြီးနဲ့ အိမ်​​ရှေ့စံအကို​တော်​ဟာ လန်​ဝမ်​ကျီကို ချစ်​ခင်​ကြပါတယ်​။ သို့​သော်​ ....
အမတ်​ကြီးဝိမ်​က​တော့ ထီးနန်းကို လိုချင်​​နေသူ
အချိန်​ပြည့်​ အ​ကောက်​ကြံချင်​​နေတဲ့သူပင်​...

ချစ်​ခြင်း​စေရာ(Complete)Where stories live. Discover now