ချစ်​ခြင်း​စေရာ -5

6.5K 453 5
                                    

မင်​နဲ့တန်​ နှစ်​နိုင်​ငံနယ်​နိမိတ်​တိုက်​ပွဲက နှစ်​လမျှကြာမြင့်​ခဲ့​လေသည်​။ ထိုအချိန်​ ​ရှေ့တန်းတွင်​ အကျအဆုံးများ​နေခဲ့သည်​။ ​နောက်​ဆုံး​တော့ တန်​နိုင်​ငံမှ ​စစ်​နိုင်​ကာ မင်​နိုင်​ငံကို သိမ်းပိုက်​ခဲ့​လေသည်​။

သို့​သော်​ ထို့အတွက်​ ဂုဏ်​ထူး​ဆောင်​စစ်​သူကြီး ​ဝေ့​မော်​ဟာ ​ပျောက်​ချင်းမလှ​ပျောက်​ဆုံးသွားခဲ့​လေသည်​။

ထိုသတင်းနန်း​တော်​သို့​ရောက်​​ရောက်​ချင်းပဲ လန်​ဝမ်​ကျီသည်​ ​မေ့လဲသွား​လေသည်​။ ထိုသတင်းကိုသူမယုံနိုင်​ပါ။

ထို့​နောက်​သူဟာ ချက်​ချင်းပဲ ​ဝေ့ရင်းကိုရှာ​ဖွေရန်​နန်း​တော်​မှ ကိုယ်​ရံ​တော်​​တျောက်​နှင့်​ ထွက်​​ပြေးလာခဲ့ကာ ​​ဝေ့ရင်းကို​နေရာအနှံ့ရှာပုံ​တော်​ဖွင့်​​တော့သည်​။

မြစ်​ကမ်းစပ်​တွင်​ လူတစ်​​ယောက်​လဲ​နေသည်​။စစ်​ဝတ်​​တန်​စာ​တွေနဲ့မို့ စစ်​သူကြီး​တျောက်​ဖြစ်​နိုင်​​ပေသည်​။ ထို့အပြင်​ သူ၏ဘယ်​ဘက်​လက်​တွင်​ခိုင်​မြဲစွာဆုပ်​ကိုင်​ထားတဲ့ဓားအရ ထိုသူမှာ ​ဝေ့​မော်​ ​ဝေ့ဝူရှန်း ​ပင်​ဖြစ်​​လေသည်​။

လန်​ဝမ်​ကျီသည်​ ကိုယ်​ရံ​တော်နှင့်​ကွဲသွား၍ မြစ်​ကမ်းစပ်​​ဘေးတွင်​ထိုင်​ကာ ကိုယ်​လက်​သန့်​စင်​​နေစဉ်
ကမ်းပါး​ပေါ်တင်​​နေတဲ့ တစ်​စုံတစ်​ခု အနီနဲ့ အနက်​​ရောင်​စပ်​ထားတဲ်​ချပ်​ဝတ်​တန်​စာကို ဝတ်​ထားသည်​ဟုထင်​ရသည်​။

သူဟာထိုအရာက​ဝေ့ရင်းများလားဟုစိတ်​ထင်​ကာ အ​ပြေးသွားမိသည်​။ သူဟာ ထိုလူသားကိုလှည့်​ကြည့်​လိုက်​​တော့ သူအင်​မတန်​မှ စိတ်​ပူကာလွမ်း​နေခဲ့ရ​သော ​ဝေ့ရင်းပါ​ပေ။

လန်​ဝမ်​ကျီဟာ ​ဝေ့ရင်းကိုကမ်းစပ်​​ပေါ်သို့တွဲတင်​ကာ အနီးအနားမှ အနားယူစရာ​နေရာသို့ တွဲသွားမိသည်​။ ​သူဟာ ​​ဝေ့ရင်းကိုတွဲရင်း​တောထဲဝင်​လာခဲ့သည်​။

ထို့​နောက်​ သူဟာ​ကျောက်​ဂူတစ်​ခု​တွေ့​တော့ သူဟာ ​ဝေ့ရင်း သက်​​​သောင့်​သက်​သာဖြစ်​​စေရန်​ လှဲ​ပေးခဲ့ကာ
ထင်းနှင့်​​ဆေးပင်​များရှာ​ဖွေရန်​ပြင်​ဆင်​ရပြန်​သည်​။

ချစ်​ခြင်း​စေရာ(Complete)Où les histoires vivent. Découvrez maintenant