ချစ်​ခြင်း​စေရာ-(1)

18K 683 5
                                    

"အရှင်​မင်းကြီး ဒုတိယမင်းသားလန်​ဝမ်​ကျီ အခစားဝင်​ပါတယ်​"

"ဝင်​​စေ"

"ခမည်း​တော်​မင်းကြီး အ​ခေါ်လွှတ်​တယ်​ဆိုလို့ပါ"

"မနက်​ဖြန်​ တန်​နိုင်​ငံကိုချစ်​ကြည်​​ရေးခရီးသွားရမယ်​ မင်းသား "

"ဟုတ်​ကဲ့ ကျ​နော်​မျိုးအမိန့်နာခံလျက်​ပါ"

ကျ​နော့်​နာမည်​​လန်​ဝမ်​ကျီပါ ထန်​ရှားနိုင်​ငံရဲ့ ဒုတိယမင်းသား။ ကျ​နော့်​မှာအကိုတစ်​​ယောက်​ရှိ​သေးသည်​ ။ အိမ်​​ရှေ့စံမင်းသား လန်​ရှီးချန်​ပင်​။
အကိုက စစ်​​ရေးနိုင်​ငံ​ရေး ပရိယာရ်​ကျွယ်​သည်​။ သိုင်းပညာလိုက်​စားသည်​။ သို့​သော်​ ကျ​နော်​က​တော့ နိုင်​ငံ​ရေးစိတ်​မဝင်​စား.သိုင်းပညာလည်းစိတ်​မဝင်​စား​ပေ။

ဂီတနဲ့ ပန်းချီပညာသာစိတ်​ဝင်​စားသည်​။ ထို့​ကြောင့်​ထန်​ရှားတိုင်းပြည်​တွင်​ သူ့ကိုငြိမ်းချမ်း​ရေးပြယုဒ်​​ဟု​ခေါ်ဆိုကြသည်​။

အခုလည်းချစ်​ကြည်​​ရေးသွားရန်​ သူတာဝန်​ရှိလာပြန်​သည်​။

"ထန်​ရှားနိုင်​ငံဒုတိယမင်းသား လန်​ဝမ်​ကျီ​​ရောက်​လာပါပြီ"

"အခစားဝင်​​စေ"
တန်​နိုင်ငံရဲ့ ဘုရင့်​နန်းတွင်းညီလာခံတွင်​ဖြစ်​သည်​။

"အရှင်​မင်းကြီးကို လန်​ဝမ်​ကျီကဂါဝရပြုပါတယ်​"

လန်​ဝမ်​ကျီဟာ အဖြူ​ရောင်​ဝတ်​ရုံရှည်​ကိုဝတ်​ကာ အ​ပေါ်မှ အပါးသားတစ်​လွှာဝတ်​ထားသည်​။ နက်​​မှောင်​​သောဆံပင်​တို့ကလည်း အ​ပေါ်တွင်​တစ်​ဝက်​စည်းကာ.တစ်​ဝက်​ချထားရင်း ​ကျောက်​စိမ်းဆံထိုး​လေးကို
ထိုးထားသည်​မှာ မြင်​သူတိုင်း​အေးချမ်းရ​ပေသည်​။

"မင်းသား​နေသာသလိုသာ​နေပါ​လေ"

"အရှင်​မင်းကြီး ဒါက​တော့ ကျ​နော်​မျိုးဖခင်​ ​ပေးလိုက်​တဲ့စာချွန်​လွှာပါ"

လန်​ဝမ်​ကျီဟာ အထိန်း​တော်​ကို သူ့လက်​ထဲမှ​ပေလွှာကိုထည့်​​ပေးလိုက်​သည်​။ ထို့​နောက်

ချစ်​ခြင်း​စေရာ(Complete)Where stories live. Discover now